Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ပြည်သူ နှစ်ဦးကို သတ်ဖြတ်၊ ဒေသခံ ၅၀ကျော်ကို ဖမ်းဆီးသွား

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် (၃၀၀၀၀)ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုး​ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူနှစ်ဦးအား သတ်ဖြတ်ကာ ဒေသခံ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ၁၁ရက်က ညောင်လှကျေးရွာသို့ ဝင်ရောက်လာသည့် ​အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မူးရိုးကုန်းကျေးရွာနေအမျိုးသားတစ်ဦး ထပ်တိုက်တိုးကာ ယင်းအမျိုးသားအား ဆိုင်ကယ်နှင့်လူအား ကြိုးဖြင့်တွဲချည်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း၊ ထို့အပြင် ညောင်လှကျေးရွာနေ အခြားအမျိုးသားတစ်ဦးကိုလည်း ယဥ်ကျေးရွာအနောက်တောလမ်းတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကောင်စီတပ်သည် ဩဂုတ် ၃ရက်မှစတင်ကာ ဘုရားထွက်၊ အင်ပင်-ယဒင်၊ နဂါးဘို မြင်းတန့်၊ လျှော်ဖြူ၊ ကိုင်းကံနှင့် လက်လှုပ်ရွာများအား စစ်ကြောင်းထိုးခဲ့ပြီး ၎င်းကျေးရွာများမှ ဒေသခံ ပြည်သူ ၅၀ကျော်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကြောင်း၊ ယနေ့အထိပြန်မလွှတ်ပေးသေးဘဲ ရေဦးမြို့သို့ ခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

အာဏာသိမ်းကာလတစ်လျှောက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ (၃၀) ကျော်မှ ပြည်သူ့နေအိမ် ၁,၅၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် (၃၀၀၀၀)ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook