Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲဦးဆောင်သူ သမဂ္ဂဥက္ကဋ္ဌဟောင်းကို ရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင်ချ

ကိုနောင်ထက်အောင်ကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်ချလိုက်တာပါ။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

မန္တလေးအိုးဘိုထောင်မှာ အစာငတ်ခံဆန္ဒပြမှုကြောင့် တိုက်ပိတ်ခံထားရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ကို ရုံးထုတ်စစ်ဆေးတာမျိုးမလုပ်ဘဲ မျက်ကွယ်မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

ကိုနောင်ထက်အောင်ကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်ချလိုက်တာပါ။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ကိုနောင်ထက်အောင်ဟာ အိုးဘိုထောင်ထဲမှာအစာငတ်ခံဆန္ဒပြမှုကြောင့် တိုက်ပိတ်ခံထားရတယ်လို့သိရပါတယ်။

အစာငတ်ခံဆန္ဒပြပွဲကိုဦးဆောင်တယ်ဆိုကာ ကိုနောင်ထက်အောင်ကို ရိုက်နှက်တာတွေရှိခဲ့ပြီး ဦးခေါင်း၊ကျောကုန်းအပါအဝင် ဒဏ်ရာဒဏ်ချက်တွေရခဲ့ပေမယ့် ထောင်အာဏာပိုင်တွေဟာ ဆေးကုသခွင့်မပေးဘူးလို့ ဗကသများအဖွဲ့ချုပ်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။