Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် PDFတို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ယင်းတိုက်ပွဲမှာ မနက် ၁၁ နာရီမှ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးကာ PDF တပ်ရင်းများနှင့် မဟာ မိတ်ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကလေး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF
ကလေး PDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကလေး PDF

▪️စစ်ကောင်စီတပ် ခုနစ်ဦးထက်မနည်းသေ

ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာ GTC ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ခန့်နှင့် ကလေး PDFတပ်ရင်းများ ထိတွေ့တိုက်ပွဲ နှစ်ရက်ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်း သေဆုံးသွားကြောင်း ထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲများတွင် သြဂုတ် ၈ ရက်က သာယာကုန်းရွာမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ကျွန်းချောင်းရွာနှင့် အနောက်စံသာရွာကြားတွင် ကလေး PDFမှ တပ်ရင်း (၃)၊ တပ်ရင်း (၆)၊ တပ်ရင်း (၈)၊ တပ်ရင်း (၁၂)နှင့် CDF-KKG တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေဆုံးကာ ကလေး PDFနှင့် ပူးပေါင်းတပ်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အလားတူ အဆိုပါစစ်ကြောင်းသည် အထက်ပါတိုက်ပွဲဖြစ်ပွားပြီး (၅)ရက်ခန့်အကြာ သြဂုတ် ၁၂ ရက် နံနက် ၁၁ နာရီခန့်တွင် သာယာကုန်းနှင့် (၁၀)မိုင်ခန့်ဝေးသော ချောင်းခွရွာဘက်ရောက်ရှိလာရာ PDF မှ တပ်ရင်းများနှင့် မဟာမိတ်အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲမှာ မနက် ၁၁ နာရီမှ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးကာ PDF တပ်ရင်းများနှင့် မဟာ မိတ်ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် သြဂုတ် ၁၂ ရက်ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ချောင်းခွရွာထဲမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ယင်းစစ်ကြောင်းမှာ သြဂုတ် ၁၃ ရက်မနေ့က ကလေးမြို့နယ်တောင်ပိုင်းသို့ ဆက်လက်ဦးတည်သွားကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ