Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင် ရင်ပေါင်တိုင်ရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်များ

ယနေ့ နေ့လည်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်အပါအဝင် ရဟတ်ယာဉ် နှစ်စီး လာရောက်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်က ဒေသတွင်းသို့ လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်းဒေသခံ PDFက ပြော သည်။

(ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ သြဂုတ် ၁၄ ရက်က တွေ့ရစဉ်၊ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ သြဂုတ် ၁၄ ရက်က တွေ့ရစဉ်၊ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆိုင်ကယ်ဝပ်ရှော့၌ စုပုံမီးရှို့ခဲ့သည်ဟု ဒေသခံသုံးသပ်

▪️ရင်ပေါင်တိုင်မှ ဆုတ်ခွာသည့် စစ်ကောင်စီတပ် ပုလဲနယ် ရွာနောင်အနီး မိုင်းဖြင့်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ကြောင်း ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်(PDF) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ရွာကို ဩဂုတ် ၁၁ရက် ညနေပိုင်းတွင် ရဟတ်ယာဉ်များ အသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တပ်စွဲထားရာ ဒေသခံ PDFများက အဆိုပါ စစ်ကောင်စီတပ်ကို ဩဂုတ် ၁၂ရက်နှင့် ၁၃ရက်များတွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“မနက်ခင်း အစောဆုံးအချိန်တုန်းက အဲဒီ ရင်ပေါင်တိုင် ကျေးရွာမြောက်ပိုင်းမှာရှိတဲ့ ဆိုင်ကယ်ဝပ်ရှော့တစ်ခုရှိတယ်။ အဲဒီ ဆိုင်ကယ်ဝပ်ရှော့ကို သူတို့ မီးတင်ရှို့တယ်။ အရင်နေ့က မနေ့ကပေါ့လေ မနေ့က နေ့ခင်းပိုင်းမှာ ဖြစ်တဲ့ပွဲက သူတို့က တော်တော့ကို ကျသွားတယ်လို့ ပြောတယ်။ အထိအခိုက်အကျအဆုံး အတော်များတယ်တဲ့။ ခန့်မှန်းခြေမကျဘူးဆို ၃၀ နီးပါးလောက်ကျတာ အဲဒါတွေကို သူတို့ မီးရှို့ပစ်တယ်လို့ ထင်တယ်တဲ့”ဟု ဒေသ PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်မှ ပြန်လည်ဆုတ်ခွာသွားရာ ယင်းမာပင်နှင့် ပုလဲမြို့ နယ် အစပ်ရှိ ဇီးဖြူကုန်းရွာ၌ ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ပုလဲမြို့နယ် ရွာနောင်းကျေးရွာသို့ ဦးတည်သွားသည့် စစ်ကောင်စီတပ်ကို ရွာနောင်းရွာ မရောက်မီ မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံ PDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီမှာ ဒေသခံ တိုက်ခိုက်ရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်ထားတဲ့ ပဒေသာမိုင်းနဲ့ဆွဲတာတော့ အထိအခိုက်အကျအဆုံး တခါထပ်ပြီးတော့ရှိတယ်တဲ့”ဟု ၎င်းက ဆိုသည်။

ယနေ့ နေ့လည်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်အပါအဝင် ရဟတ်ယာဉ် နှစ်စီး လာရောက်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်က ဒေသတွင်းသို့ လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်းဒေသခံ PDFက ပြော သည်။

စစ်ကောင်စီတပ်က ရင်ပေါင်တိုင်ရွာမှ ဆုတ်ခွာသွားစဉ် ရင်ပေါင်တိုင်ရွာမှ ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်းသဖွယ် အသုံးပြုခဲ့သည်ဟု သတင်းရရှိသော်လည်း အသေးစိတ်အခြေအနေမသိရဟု ဆိုသည်။

စစ်ကောင်စီတပ်ထွက်သွားပြီးနောက် ဒေသခံ PDFများက ရင်ပေါင်တိုင်ရွာကို ဝင်ရောက်၍ နယ်​မြေရှင်းလင်းခဲ့သည်။ကျေးရွာအတွင်းစစ်​ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပစ်ခတ်သွား၍ ဒေသခံအချို့ သေဆုံးထိခိုက်ပြီးအိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့ရသည်ဟုဒေသခံ PDFက ပြောသည်။

စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်က ရင်ပေါင်တိုင်ရွာသို့ လာရောက်သည့် ချင်းတပ်ဖွဲ့များလည်း အားလုံးနီးပါး ပြန်စုစည်းနိုင်ပြီဖြစ်ပြီး အချို့မှာ ဒဏ်ရာရကာ အချို့ပျောက်ဆုံးနေသည်ဟု ကြားရကြောင်း ဒေသခံ PDFက ပြောသည်။

“ လေးယောက်ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းရှိတယ် အဲဒါက ပထမဆုံးလေယာဉ်နဲ့ စစချင်းဖြစ်စဉ်တုန်းက။ ဒဏ်ရာရ နှစ်ယောက်ရှိတယ်။ တင်ပါးကိုမှန်တဲ့သူတစ်ယောက် ပေါင်ကို မှန်တဲ့သူတစ်ယောက် ဆေးကုသမှုလုပ်ပေးနေတယ်”ဟု ၎င်းက ဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။