Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ် မိုးကောင်း​ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များ နှစ်ကြိမ်တိုက်ခိုက်

တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးကြောင်း၊ ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာတွင်လည်း စစ်သား ၇ဦးခန့်သေဆုံးနိုင်ကြောင်း DGF-အောက်ချင်းတွင်းက ပြောသည်။

(ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)ရဲဘော်များအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မိုးကောင်း​ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း မဟာမိတ်အဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၁ ဦးခန့်သေဆုံးနိုင်ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)က သတင်းထုတ်ပြန်သည်။

ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း) ယင်းမာပင်မြို့နယ်မှ တော်လှန်ရေးရဲဘော်များသည် မဟာမိတ်များနှင့်အတူ မိုးကောင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များကို မေလ ၂၃ရက်က နံနက် ၆ နာရီခွဲခန့်တွင် တစ်ကြိမ်၊ နံနက် ၉ နာရီခန့်တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

စစ်​ကောင်စီတပ်သည် မိုးကောင်းရွာတွင် တပ်စွဲ၍ ယင်းမာပင်ဒေသတွင်း အခြားကျေးရွာများကို အကြမ်းဖက်ဖျက်ဆီးရန်စီစဥ်နေခြင်း ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးကြောင်း၊ ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာတွင်လည်း စစ်သား ၇ဦးခန့်သေဆုံးနိုင်ကြောင်း DGF-အောက်ချင်းတွင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါစစ်ဆင်ရေးအား DGF-အောက်ချင်းတွင်း ယင်းမာပင်မြို့နယ်၊ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျား တပ်ဖွဲ့၊ မုံရွာတပ်ရင်း (၂)၊ တပ်ရင်း (၃)၊ ရိုးမဖိုက်တာ ပြောက်ကျားတပ်ဖွဲ့၊ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင် LPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ DGF-အောက်ချင်းတွင်းထံ ဆက်သွယ်မေးမြန်းထားသော်လ​ည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

စစ်​ကောင်စီတပ်နှင့် ​ဒေသတွင်း PDF များကြား တိုက်ပွဲများဖြစ်ပွားနေသည့် ယင်းမာပင်မြို့နယ်တွင် စစ်​ကောင် စီတပ်က ကျေးရွာများကိုပါ ဝင်ရောက်ခိုးဆိုး အကြမ်းဖက် မီးရှို့မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။