Connect with us

Hi, what are you looking for?

LuduNwayOo

News

အပြစ်မဲ့ပြည်သူ ခြောက်ဦးထပ်မံကျဆုံး၍ နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးခဲ့သည့်ပြည်သူ ၁၀၀၆ဦးရှိလာ

အဆိုပါအရေအတွက်သည် AAPPမှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ရွှေဘိုမြို့နယ် နှင့် မကွေးတိုင်း ပေါက်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူခုနစ်ဦး ထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁၀၀၆ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPPမှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့တွင် ယမန်နေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်းက အရက်မူးနေသော စစ်သားများမှ အမြန်ရေယာဉ်များဆိုက်ကပ်ရာဆိပ်ကမ်း၌ ထိုင်နေသော ကိုဇော်မျိုးမြင့်အား လူလယ်ကောင်တွင် နားထင်ကို သေနတ်ဖြင့် တေ့၍ပစ်သတ်ခဲ့သည်ဟုသိရှိရသည်။ ကိုဇော်မျိုးမြင့်သည် ဆိပ်ကမ်းအုတ်ခုံပေါ်၌ ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်၍ဟုဆိုကာ ရန်ရှာ၍ ထိုးကြိတ်ခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မင်းကင်းမြို့နယ်၊ မင်းစားကျေးရွာမှ မဇင်မာဝင်းသည် သေနတ်သံနှင့် ကိုဇော်မျိုးမြင့်၏ ရုပ်အလောင်းကို တွေ့မြင်ပြီး နေရာတွင်ပင် နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်ဟု အေအေပီပီက ထုတ်ပြန်သည်။

ဩဂုတ်လ ၁၆ ရက်တွင်လည်း စစ်ကိုင်း မင်းကင်းမြိုန့ယ် ကျောက်ခဲတပ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား သုံးဦးဖြစ်သည့် ဦးဘိုအောင်၊ ဦးချစ်လွင်၊ ကိုဖိုးတုတ်တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။သြဂုတ်လ ၁၇ ရက်တွင် အဆိုပါရွာသား သုံးဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ချင်းတွင်းမြစ်အတွင်း မျှော၍ဖျောက်ဖျက်ခဲ့သည်ဟု သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

သြဂုတ်လ ၁၃ ရက်ညနေပိုင်းက မကွေးတိုင်း ပေါက်မြို့နယ်၊ သပြေရေရွာမှ ဈေးဆိုင်ဖွင့်ထားသည့် ဦးလှမြင့်ဦးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ တူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဆိုင်ရှေ့ရှိ ဆိုင်ကယ်အဟောင်းတစ်စီး ပေါ်တွင် ဗုံးထောင်ထားခဲ့သည်ဟု သိရှိရသည်ဟု ထပ်မံဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပလိုင်း၊ ဂုန်တန်၊ ကန်သာ စသည့် ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့က ဖမ်းဆီးထားသည့် ဂုန်တန်ရွာသား ကိုနန်ကို မေးမြန်း၍မရဟု ဆိုကာ ၎င်းတို့တပ်စွဲထားသည့် ပလိုင်းကျေးရွာရှိ စာသင်ကျောင်းအတွင်း၌ စစ်သားများက ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

သတင်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။