Connect with us

Hi, what are you looking for?

News

အပြစ်မဲ့ပြည်သူ ခြောက်ဦးထပ်မံကျဆုံး၍ နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးခဲ့သည့်ပြည်သူ ၁၀၀၆ဦးရှိလာ

အဆိုပါအရေအတွက်သည် AAPPမှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ရွှေဘိုမြို့နယ် နှင့် မကွေးတိုင်း ပေါက်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူခုနစ်ဦး ထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁၀၀၆ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPPမှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့တွင် ယမန်နေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်းက အရက်မူးနေသော စစ်သားများမှ အမြန်ရေယာဉ်များဆိုက်ကပ်ရာဆိပ်ကမ်း၌ ထိုင်နေသော ကိုဇော်မျိုးမြင့်အား လူလယ်ကောင်တွင် နားထင်ကို သေနတ်ဖြင့် တေ့၍ပစ်သတ်ခဲ့သည်ဟုသိရှိရသည်။ ကိုဇော်မျိုးမြင့်သည် ဆိပ်ကမ်းအုတ်ခုံပေါ်၌ ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်၍ဟုဆိုကာ ရန်ရှာ၍ ထိုးကြိတ်ခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မင်းကင်းမြို့နယ်၊ မင်းစားကျေးရွာမှ မဇင်မာဝင်းသည် သေနတ်သံနှင့် ကိုဇော်မျိုးမြင့်၏ ရုပ်အလောင်းကို တွေ့မြင်ပြီး နေရာတွင်ပင် နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်ဟု အေအေပီပီက ထုတ်ပြန်သည်။

ဩဂုတ်လ ၁၆ ရက်တွင်လည်း စစ်ကိုင်း မင်းကင်းမြိုန့ယ် ကျောက်ခဲတပ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား သုံးဦးဖြစ်သည့် ဦးဘိုအောင်၊ ဦးချစ်လွင်၊ ကိုဖိုးတုတ်တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။သြဂုတ်လ ၁၇ ရက်တွင် အဆိုပါရွာသား သုံးဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ချင်းတွင်းမြစ်အတွင်း မျှော၍ဖျောက်ဖျက်ခဲ့သည်ဟု သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

သြဂုတ်လ ၁၃ ရက်ညနေပိုင်းက မကွေးတိုင်း ပေါက်မြို့နယ်၊ သပြေရေရွာမှ ဈေးဆိုင်ဖွင့်ထားသည့် ဦးလှမြင့်ဦးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ တူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဆိုင်ရှေ့ရှိ ဆိုင်ကယ်အဟောင်းတစ်စီး ပေါ်တွင် ဗုံးထောင်ထားခဲ့သည်ဟု သိရှိရသည်ဟု ထပ်မံဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပလိုင်း၊ ဂုန်တန်၊ ကန်သာ စသည့် ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့က ဖမ်းဆီးထားသည့် ဂုန်တန်ရွာသား ကိုနန်ကို မေးမြန်း၍မရဟု ဆိုကာ ၎င်းတို့တပ်စွဲထားသည့် ပလိုင်းကျေးရွာရှိ စာသင်ကျောင်းအတွင်း၌ စစ်သားများက ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။