Connect with us

Hi, what are you looking for?

သတင်း

သမတက္ကသိုလ်ကျောင်းသားတစ်ဦး အပါအဝင်စစ်ကိုင်းတပ်ရင်း (၃)မှ ရဲဘော် နှစ်ဦးတိုက်ပွဲတစ်ခုတွင် ကျဆုံး

ယနေ့(သြဂုတ်၁၇ရက်) နံနက်ခင်းပိုင်းကလည်း စစ်ကိုင်းမြို့၊ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ အကြမ်းဖက်စစ်တပ်နှင့် Express ယာဥ်ပေါ်ပါ PDFအချို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုနှင့် ပြည်သူအချို့ပါ ထိခိုက်ခဲ့သည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးအား တွေ့ရစဉ်)
(ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်၊စစ်ကိုင်း ခရိုင်တပ်ရင်း(၃)တပ်ဖွဲ့ဝင် ရဲဘော်နစ် ဦး တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့ကြောင်း အဆိုပါတပ်က ယနေ့ (သြဂုတ်၁၇ ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းခရိုင်တပ်ရင်း(၃)တွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူ စစ်ကိုင်း သမဝါမတက္ကသိုလ် ကျောင်းသား ရဲဘော်မင်းဒင်နှင့် ရဲဘော်မြတ်မင်းတို့သည် သြဂုတ်လ ၁၅ ရက်က စစ်ကိုင်းတိုင်းတွင်းတစ်နေရာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွားတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၃)က အသိပေးသည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးအား တွေ့ရစဉ်)
(ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးအား တွေ့ရစဉ်)

၎င်းရဲဘော်နှစ်ဦးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးတို့အတွက် အသက်ကိုပေးလှူသွားခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်မှုရှိပြီး အသေးစိတ်အားစုံစမ်းနေကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့(သြဂုတ်၁၇ရက်) နံနက်ခင်းပိုင်းကလည်း စစ်ကိုင်းမြို့၊ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ အကြမ်းဖက်စစ်တပ်နှင့် Express ယာဥ်ပေါ်ပါ PDFအချို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုနှင့် ပြည်သူအချို့ပါ ထိခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။