Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်တွင် မိုင်းထိသေဆုံးစစ်သားအား စစ်ကောင်စီတပ်ကိုယ်တိုင် မီးရှိူ့သွားဟုဆို

ယနေ့(သြဂုတ် ၁၈ရက်) နံနက် ၇ နာရီ မိနစ်၅၀ ခန့်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပေါက်မြို့နယ် ချိုင်စောက်ရွာနှင့် ဝန်တင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်(ပ.က.ဖ)က အသိပေးသည်။

ပေါက်နယ်
ပေါက်နယ်

မကွေးတိုင်း၊ မြိုင်နယ်မှ ပေါက်မြို့နယ်သို့ ကူးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးစစ်သားအား ၎င်းတို့ကိုယ်တိုင် မီးရှို့သွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၁၈ရက်) နံနက် ၇ နာရီ မိနစ်၅၀ ခန့်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပေါက်မြို့နယ် ချိုင်စောက်ရွာနှင့် ဝန်တင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်(ပ.က.ဖ)က အသိပေးသည်။

အဆိုပါ သေဆုံးစစ်သားများအား နီးရာနေအိမ် ပေါ်သို့တင်ကာ မီးရှို့သွားပြီး ဒဏ်ရာရ စစ်ကောင် စီတပ်သား လေးဦးအား တွဲခေါ်သွားသည်ကို တွေ့ရှိခဲ့ကြောင်း မြိုင် (ပ.က.ဖ)က ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုဖြစ်စဥ်အား ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပ.က.ဖ)ကအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိုင် ပ.က.ဖအဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့ (သြဂုတ် ၁၇ရက်) နံနက်ပိုင်းကလည်း မြိုင်မြို့နယ်တဲကြီးရွာနှင့် နယ်သတ်ရွာကြားတွင်မိုင်းထိသေဆုံးခဲ့သည့် အကြမ်းဖက်စစ်သားအလောင်းများအား Faw ကားဖြင့် လာကောက်သည့်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်