Connect with us

Hi, what are you looking for?

News

ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများ

“ကျွန်တော်တို့လည်း အဲဒီသတင်းတော့ သိတယ်။ စစ် ကားနှစ်စီး ထိပြီးတော့ ကားပေါ်ပါတဲ့ စစ်သား တွေသေတယ်လို့ ပြောတယ်။ အားလုံး ၃၀ကျော်မယ်လို့ ပြောတယ် အသေးစိတ်တော့ မသိရဘူး” ဟု ဒေသခံက ပြောသည်။

People's Spring
People's Spring

ဂန့်ဂေါနှင့် ကလေး လမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၁၈ရက် ညနေပိုင်းက အဆိုပါ လမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးဒဏ်ရာရသူများပြားခဲ့ကြောင်း ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဒေသခံက အထက်ပါအတိုင်းပြောသည်။

“ကျွန်တော်တို့လည်း အဲဒီသတင်းတော့ သိတယ်။ စစ် ကားနှစ်စီး ထိပြီးတော့ ကားပေါ်ပါတဲ့ စစ်သား တွေသေတယ်လို့ ပြောတယ်။ အားလုံး ၃၀ကျော်မယ်လို့ ပြောတယ် အသေးစိတ်တော့ မသိရဘူး” ဟု ဒေသခံက ပြောသည်။

ဂန့်ဂေါအပါအဝင် ယောဒေသ၌ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံရန် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အများအပြားရှိသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါ PDF က ဩဂုတ် ၁၇ရက်က ကြေညာချက်ထုတ်ပြန်ထားရာ စစ်အုပ်စု၏ လှုပ်ရှားသွားလာမှု များအပေါ်မူတည်၍ အချိန်နေရာမရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ည ၈နာရီမှ ၆နာရီအတွင်း မည်သည့် ကား၊ ဆိုင်ကယ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။