Connect with us

Hi, what are you looking for?

News

ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများ

“ကျွန်တော်တို့လည်း အဲဒီသတင်းတော့ သိတယ်။ စစ် ကားနှစ်စီး ထိပြီးတော့ ကားပေါ်ပါတဲ့ စစ်သား တွေသေတယ်လို့ ပြောတယ်။ အားလုံး ၃၀ကျော်မယ်လို့ ပြောတယ် အသေးစိတ်တော့ မသိရဘူး” ဟု ဒေသခံက ပြောသည်။

People's Spring
People's Spring

ဂန့်ဂေါနှင့် ကလေး လမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၁၈ရက် ညနေပိုင်းက အဆိုပါ လမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးဒဏ်ရာရသူများပြားခဲ့ကြောင်း ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဒေသခံက အထက်ပါအတိုင်းပြောသည်။

“ကျွန်တော်တို့လည်း အဲဒီသတင်းတော့ သိတယ်။ စစ် ကားနှစ်စီး ထိပြီးတော့ ကားပေါ်ပါတဲ့ စစ်သား တွေသေတယ်လို့ ပြောတယ်။ အားလုံး ၃၀ကျော်မယ်လို့ ပြောတယ် အသေးစိတ်တော့ မသိရဘူး” ဟု ဒေသခံက ပြောသည်။

ဂန့်ဂေါအပါအဝင် ယောဒေသ၌ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံရန် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အများအပြားရှိသည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါ PDF က ဩဂုတ် ၁၇ရက်က ကြေညာချက်ထုတ်ပြန်ထားရာ စစ်အုပ်စု၏ လှုပ်ရှားသွားလာမှု များအပေါ်မူတည်၍ အချိန်နေရာမရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ည ၈နာရီမှ ၆နာရီအတွင်း မည်သည့် ကား၊ ဆိုင်ကယ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook