Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းခရိုင်တပ်ရင်း(၃)လှုပ်ရှားနယ်​မြေတွင်စစ်သုံ့ပန်း​လေးဦးဖမ်းမိ

“လေးဦး ဖမ်းဆီးရမိပါတယ်ဗျ။ အကုန်တပ်သားအဆင့်ပါ။ NUG ရဲ့တာဝန်ရှိသူတွေဆီကို လွဲအပ်လိုက်ပါတယ်”ဟု စစ်ကိုင်းခရိုင် တပ်ရင်း (၃)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကိုင်ခရိုင်PDF တပ်ရင်း (၃)တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-စစ်ကိုင်းPDFB-03)
(စစ်ကိုင်ခရိုင်PDF တပ်ရင်း (၃)တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-စစ်ကိုင်းPDFB-03)

●လူ့အခွင့်အရေးချိုးဖောက်မှုများကိုမှတ်တမ်းတင်ထားပြီး NUGသို့လွှဲ​ပြောင်း​ပေး

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၃)၏လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်မှ တပ်သား ၄ ဦးကို အရှင်ဖမ်းမိထားကြောင်း တာဝန်ရှိသူတစ်ဦးက​ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၎င်းတို့စစ်ကြောင်းမှနေ၍ စစ်ကိုင်းခရိုင်ရင်း(၃)​က ဒေသခံ ပကဖများနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်PDFတပ်ရင်း (၃)ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“လေးဦး ဖမ်းဆီးရမိပါတယ်ဗျ။ အကုန်တပ်သားအဆင့်ပါ။ NUG ရဲ့တာဝန်ရှိသူတွေဆီကို လွဲအပ်လိုက်ပါတယ်”ဟု စစ်ကိုင်းခရိုင် တပ်ရင်း (၃)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားလေးဦးမှာ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)၏လှုပ်ရှားနယ်မြေအတွင်း ဖြစ်ပွားသော တိုက်ပွဲသို့ စစ်ကူလာသည့်စစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ရှေ့ကင်းအနေနဲ့ထွက်လာတဲ့ အရပ်ဝတ်နဲ့စစ်ကောင်စီတပ်သားတွေကိုဖမ်းမိတာပါ။ လုံခြုံရေးအရမကြာခင်ထုတ်ပြန်ပါမယ်ဗျ။”ဟု ဟုစစ်ကိုင်းခရိုင်PDF တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

အသေးစိတ်အချက်အလက်များကို နယ်မြေလုံခြုံ ရေးအခြေအနေရ ဖော်ပြနိုင်ခြင်းမရှိသေး​ကြောင်းလည်း စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)ကအသိ​ပေးထားသည်။

ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သားများအား ဘေးကင်းရာသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့ကျူးလွန်ခဲ့သော လူအခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း​ဖော်ပြထားသည်။

အထက်ပါ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)၏ လှုပ် ရှားနေမြေဖြစ်သော စစ်ကိုင်းတိုင်းတစ်နေရာတွင် သြဂုတ် ၁၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ရင်း (၃)၏တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးနှင့် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။