Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းခရိုင်တပ်ရင်း(၃)လှုပ်ရှားနယ်​မြေတွင်စစ်သုံ့ပန်း​လေးဦးဖမ်းမိ

“လေးဦး ဖမ်းဆီးရမိပါတယ်ဗျ။ အကုန်တပ်သားအဆင့်ပါ။ NUG ရဲ့တာဝန်ရှိသူတွေဆီကို လွဲအပ်လိုက်ပါတယ်”ဟု စစ်ကိုင်းခရိုင် တပ်ရင်း (၃)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကိုင်ခရိုင်PDF တပ်ရင်း (၃)တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-စစ်ကိုင်းPDFB-03)
(စစ်ကိုင်ခရိုင်PDF တပ်ရင်း (၃)တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-စစ်ကိုင်းPDFB-03)

●လူ့အခွင့်အရေးချိုးဖောက်မှုများကိုမှတ်တမ်းတင်ထားပြီး NUGသို့လွှဲ​ပြောင်း​ပေး

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၃)၏လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်မှ တပ်သား ၄ ဦးကို အရှင်ဖမ်းမိထားကြောင်း တာဝန်ရှိသူတစ်ဦးက​ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၎င်းတို့စစ်ကြောင်းမှနေ၍ စစ်ကိုင်းခရိုင်ရင်း(၃)​က ဒေသခံ ပကဖများနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်PDFတပ်ရင်း (၃)ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“လေးဦး ဖမ်းဆီးရမိပါတယ်ဗျ။ အကုန်တပ်သားအဆင့်ပါ။ NUG ရဲ့တာဝန်ရှိသူတွေဆီကို လွဲအပ်လိုက်ပါတယ်”ဟု စစ်ကိုင်းခရိုင် တပ်ရင်း (၃)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားလေးဦးမှာ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)၏လှုပ်ရှားနယ်မြေအတွင်း ဖြစ်ပွားသော တိုက်ပွဲသို့ စစ်ကူလာသည့်စစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ရှေ့ကင်းအနေနဲ့ထွက်လာတဲ့ အရပ်ဝတ်နဲ့စစ်ကောင်စီတပ်သားတွေကိုဖမ်းမိတာပါ။ လုံခြုံရေးအရမကြာခင်ထုတ်ပြန်ပါမယ်ဗျ။”ဟု ဟုစစ်ကိုင်းခရိုင်PDF တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

အသေးစိတ်အချက်အလက်များကို နယ်မြေလုံခြုံ ရေးအခြေအနေရ ဖော်ပြနိုင်ခြင်းမရှိသေး​ကြောင်းလည်း စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)ကအသိ​ပေးထားသည်။

ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သားများအား ဘေးကင်းရာသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့ကျူးလွန်ခဲ့သော လူအခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း​ဖော်ပြထားသည်။

အထက်ပါ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)၏ လှုပ် ရှားနေမြေဖြစ်သော စစ်ကိုင်းတိုင်းတစ်နေရာတွင် သြဂုတ် ၁၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ရင်း (၃)၏တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးနှင့် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူကို ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် ရောက်ရှိရာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဗိုလ်မှူး တစ်ဦး အပါအဝင် အရာရှိ ၄ဦးကို ကျောက်ဖြူ ဗျူဟာမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

စစ်ကြောင်းအသီးသီးမှ တွေ့ရှိခဲ့သော အချက်အလက်များအရ စစ်အုပ်စုဝင် ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိကြောင်း PLA ခန့်မှန်းထားသည်။

သတင်း

စစ်ကောင်စီ၊ ရှမ်းနီတပ်ဖွဲ့(SNA)နှင့် ပျုစောထီးပူးပေါင်းစခန်းကို ခန္တီးခရိုင်တပ်ရင်း(၁)၊ HPDF -124၊ HPDF မိုးကြိုးအဖွဲ့၊ CDM ရဲများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခုင်းဟု သိရသည်။