Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်သားတွေကို ယူကရိန်းက အဆိပ်ခတ်ပြီး ဓာတု အကြမ်းဖက်မှု ကျူးလွန်တယ်လို့ ရုရှားစွပ်စွဲ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ရုရှားစစ်သား တော်တော်များများဟာ အပြင်းအထန် အဆိပ်သင့်တဲ့ လက္ခဏာတွေ ခံစားရပြီး စစ်ဆေးရုံ တစ်ခုကို ရောက်ရှိလာကြတယ်လို့ သိရပါတယ်။ ဆေးစစ်ကြည့်တဲ့ အခါမှာလည်း စစ်သားတွေရဲ့ သွေးထဲမှာ Botulinum toxin type Bဆိုတဲ့ အဆိပ်အတောက် ဓာတ်တစ်မျိုး တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သားတွေကို ယူကရိန်းက အဆိပ်ခတ်ပြီး ဓာတု အကြမ်းဖက်မှု ကျူးလွန်တယ်လို့ ရုရှားစွပ်စွဲ
စစ်သားတွေကို ယူကရိန်းက အဆိပ်ခတ်ပြီး ဓာတု အကြမ်းဖက်မှု ကျူးလွန်တယ်လို့ ရုရှားစွပ်စွဲ

သူတို့ရဲ့ စစ်သားတွေကို အဆိပ်ခတ်ပြီး ဓာတု အကြမ်းဖက်မှုတွေ ယူကရိန်းက ကျူးလွန်နေပါတယ်လို့ ရုရှား အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ရုရှား တပ်တွေ ထိန်းချုပ်ထားရာ ယူကရိန်း တောင်ပိုင်းက ဇာပေါ်ရစ်ဇီရာ ဒေသတဝိုက်မှာ ဇူလိုင်လကုန်ပိုင်းက ရုရှား စစ်သားတွေ အစားအသောက်ထဲ အဆိပ်ခတ် ခံခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲပါတယ်။ ရုရှား စစ်သားတွေဟာ အဆိပ်မိတဲ့ လက္ခဏာတွေ သိသိသာသာ ခံစားခဲ့ရတယ်လို့ အဲဒီ စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာနဖက်ကတော့ ရုရှားရဲ့ စွပ်စွဲချက်တွေကို လှောင်ပြောင်ခဲ့ပြီး ရုရှား စစ်သားတွေခမျာ ရက်လွန်နေတဲ့ အစားအသောက်တွေပဲ စားရလို့ အစာအဆိပ်သင့်တာ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ရုရှားစစ်သား တော်တော်များများဟာ အပြင်းအထန် အဆိပ်သင့်တဲ့ လက္ခဏာတွေ ခံစားရပြီး စစ်ဆေးရုံ တစ်ခုကို ရောက်ရှိလာကြတယ်လို့ သိရပါတယ်။ ဆေးစစ်ကြည့်တဲ့ အခါမှာလည်း စစ်သားတွေရဲ့ သွေးထဲမှာ Botulinum toxin type Bဆိုတဲ့ အဆိပ်အတောက် ဓာတ်တစ်မျိုး တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ရပ်ဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ဦးဆောင်တဲ့ ယူကရိန်း အစိုးရ အနေနဲ့ ဓာတု အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ် ဆိုတာကို မြင်သာစေတဲ့ သက်သေ အထောက်အထားလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

စစ်သား ဘယ်နှယောက်လောက် အဆိပ်မိတဲ့ လက္ခဏာတွေ ခံစားခဲ့ရသလဲ ဆိုတာကိုတော့ ရုရှားဖက်က အတိအကျ မပြောပါဘူး။ Botulinum toxin type Bဟာ လူတွေအတွက် အဆိပ်အတောက် ဖြစ်နိုင်ပေမယ့် တချို့ဆေးတွေ ဖော်စပ်ရာမှာလည်း ထည့်သွင်း အသုံးပြုတတ်ကြပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားရဲ့ စွပ်စွဲမှုအပေါ် လတ်တလော မတုံ့ပြန်သေးပေမယ့် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အကြံပေး အရာရှိ အန်တန် ဂါရက်ရှ်ချန်ကိုကတော့ ရုရှားရဲ့ ထုတ်ပြန်ချက်က မရှင်းလင်းကြောင်း၊ သူတို့ စစ်သားတွေဟာ ရက်လွန်နေတဲ့ အသားဘူးတွေ ဖောက်စားရလို့ အစာအဆိပ်သင့်တာလည်း ဖြစ်နိုင်ကြောင်း၊ တကယ်တော့ ရုရှားစစ်တပ်ဟာ ယူကရိန်းကို စတင်ကျူးကျော်တဲ့ နေ့ကတည်းက ရိက္ခာခွဲတမ်း မလောက်ငှမှုတွေကြောင့် စောဒကတက်နေမှန်း အားလုံး သိထားကြပြီးဖြစ်ကြောင်း လှောင်ပြောင် ပြောကြားသွားပါတယ်။

ယူကရိန်းဟာ လတ်တလောမှာ ရုရှားစစ်တပ်ရဲ့ တင့်ကားနဲ့ တခြား အကြီးစား စစ်လက်နက် အပျက်အစီးတွေကို ကိယက်ဗ်မြို့တော်က လမ်းမတစ်ခုပေါ်မှာ ပြပွဲတစ်ခုအဖြစ် စီတန်းပြသထားပြီး ရုရှားရဲ့ စစ်ရေးစွမ်းရည်ကို ပြက်ရယ်ပြုထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။