Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း လမ်းပိုင်းအချို့တွင် ပြည်သူများသတိပြုသွားလာရမည့်အချက်များအား ​ဒေသတွင်း PDF များ အသိပေး

သတိပေးထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောယဉ်များ၊ ယာဉ်မောင်း‌များ အန္တရာယ်တစ်စုံတစ်ရာတွေ့ရှိပါက တာဝန်ယူမည် မဟုတ်ကြောင်း C&T SHWEBOအဖွဲ့က သတိပေးသည်။

(မုံရွာ - မန္တလေးလမ်းမကြီးပေါ် လမ်းယာယီပိတ် ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းမကြီးပေါ် လမ်းယာယီပိတ် ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်း၊ မုံရွာနှင့် ရွှေဘို ခရိုင်များရှိ လမ်းပိုင်းများတွင် ပြည်သူများသတိပြုသွားလာရမည့်အချက်များအား ဒေသတွင်း PDFအဖွဲ့များက အသိပေးကြေညာသည်။

ယနေ့ (သြဂုတ် ၂၂ရက်)မှ စက်တင်ဘာ ၁ ရက်အထိ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-နောင်ကြီးအိုင်လမ်းတစ်လျှောက်အား ည ၇နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ရွှေဘိုခရိုင် အ​ခြေစိုက် C&T SHWEBO အဖွဲ့က အသိပေးသည်။

မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများအား သတင်းပို့၊ ချိတ်ဆက်၍ သွားလာကြရန် C&T SHWEBOအဖွဲ့က ပြည်သူများအား အသိပေးထားသည်။

သတိပေးထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောယဉ်များ၊ ယာဉ်မောင်း‌များ အန္တရာယ်တစ်စုံတစ်ရာတွေ့ရှိပါက တာဝန်ယူမည် မဟုတ်ကြောင်း C&T SHWEBOအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ မုံရွာ-မြင်းမူ-မန္တလေး လမ်းပိုင်းအသုံးပြု၍ ခရီးသွားကြမည့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပက်သက်သော အာကာသယာဉ် အား လုံးဝအသုံးပြုခြင်းမပြုလုပ်ကြရန် မြင်းမူအခြေစိုက် Knight Commanders(MMU) PDF အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီထောက်တိုင်ယာဥ်လိုင်းသည် လမ်းကြောင်းပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပေါ် နိုင်ပါသဖြင့် သတိပေးချက်ကို လိုက်နာပေးကြရန် ထပ်မံ သတိပေးထားသည်။

သြဂုတ် ၁၉ရက် နံနက်က စစ်ကိုင်းတံတားအနောက်ဘက်ခြမ်းတွင် အာကာယာဥ်လိုင်းပေါ်လိုက်ပါလာသူအချို့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ လေးဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူလေးဦးအနက် PDF ရဲဘော်နှစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ