Connect with us

Hi, what are you looking for?

သတင်း

WHOထံမှမည်သည့်အကူအညီမျှမရရှိဟုစစ်ခေါင်းဆောင်၏ ပြောကြားချက်အပေါ် EU နှင့် WHO တုန့်ပြန်

ကျန်းမာရေးလုပ်သားပေါင်း ၂၄ ဦးတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ ဆေးကုသမှု စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး သင်ကြားပို့ချပေးခဲ့ပြီး ရောဂါစစ်ဆေးရန်နေရာ ၁၆ နေရာ ကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ သည်ဟု အီးယူက ထုတ်ပြန်သည်။

(EU ကကျန်းမာ​ရေး​စောင့်​​ရှောက်မှုတွင်ကူညီလုပ်ကိုင်ခဲ့သည်ကိုထုတ်ပြန်စဥ်။ ။ဓါတ်ပုံ-EU)
(EU ကကျန်းမာ​ရေး​စောင့်​​ရှောက်မှုတွင်ကူညီလုပ်ကိုင်ခဲ့သည်ကိုထုတ်ပြန်စဥ်။ ။ဓါတ်ပုံ-EU)

ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့သည် ထိခိုက်အလွယ်ဆုံးသောသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အသက်ကယ်အကူအညီများကို ဆက်လက်ပံ့ပိုးပေးနေကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

မကြာသေးမီက ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင် တို့တွေ့ဆုံစဉ် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၁ခုနှစ်Covid-19 ပြင်းထန်နေ ချိန်တွင် WHO ထံမှ မည်သည့်အကူအညီမျှ မရရှိခဲ့ကြောင်း ပြောဆိုမှုအပြီးတွင် အီးယူက တုံ့ပြန်ထုတ်ပြန်လာခြင်းဖြစ်သည်။

(EU ကကျန်းမာ​ရေး​စောင့်​​ရှောက်မှုတွင်ကူညီလုပ်ကိုင်ခဲ့သည်ကိုထုတ်ပြန်စဥ်။ ။ဓါတ်ပုံ-EU)
(EU ကကျန်းမာ​ရေး​စောင့်​​ရှောက်မှုတွင်ကူညီလုပ်ကိုင်ခဲ့သည်ကိုထုတ်ပြန်စဥ်။ ။ဓါတ်ပုံ-EU)

“ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တို့၏အရှေ့တောင်အာရှဒေသအတွက် ကပ်ရောဂါဆိုင်ရာ တုံ့ပြန်မှု နှင့် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဒေသတွင်းအစီစဉ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုကို စောင့်ကြပ်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်ရေး၊ လုပ်ဆောင်မှုအဆင့်များကို စီမံခန့်ခွဲခြင်း၊ မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ စီစဉ်ဆောင်ရွက်ခြင်းနှင့်အထောက်အပံ့အစီအစဉ်များလည်ပတ်ရေးအတွက် ကူညီပံ့ပိုးခြင်းတို့ ပါဝင်ပါသည်” ဟု ထုတ်ပြန်သည်။

အထက်ပါအစီအစဉ်သည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့ ရှိ လက်လှမ်းမီရန် ဝေးလံသောဒေသများမှ ပြည်သူပေါင်း ၂၅၀၀၀ အပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပြီး ရှေ့တန်းမှ ဆောင်ရွက်လျက်ရှိကြသည့် ကျန်းမာရေးလုပ်သားများ ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရေးအတွက် တကိုယ်ရည်ကာကွယ်ရေးပစ္စည်းအစုံ ၅၂၀၀ စုံ ကိုပံ့ပိုးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(EU ကကျန်းမာ​ရေး​စောင့်​​ရှောက်မှုတွင်ကူညီလုပ်ကိုင်ခဲ့သည်ကိုထုတ်ပြန်စဥ်။ ။ဓါတ်ပုံ-EU)
(EU ကကျန်းမာ​ရေး​စောင့်​​ရှောက်မှုတွင်ကူညီလုပ်ကိုင်ခဲ့သည်ကိုထုတ်ပြန်စဥ်။ ။ဓါတ်ပုံ-EU)

ကျန်းမာရေးလုပ်သားပေါင်း ၂၄ ဦးတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ ဆေးကုသမှု စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး သင်ကြားပို့ချပေးခဲ့ပြီး ရောဂါစစ်ဆေးရန်နေရာ ၁၆ နေရာ ကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ သည်ဟု အီးယူက ထုတ်ပြန်သည်။

ထို့အပြင် အီးယူမှ ရန်ပုံငွေ မတည်ထားသည့် ယခုအစီအစဉ်သည် မကြုံစဖူး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် တွေ့ကြုံနေရချိန်တွင် ကပ်ရောဂါဆိုင်ရာ တုံ့ပြန်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ရပ်တည်နေကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

နိုင်ငံတကာ

ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် တရုတ်နိုင်ငံဆီက လေအေးပေးစက် (အဲကွန်း)တွေကို မကြုံစဖူး အမြောက်အမြား မှာယူ တင်သွင်းနေရပါတယ်။ ဥရောပ သမဂ္ဂ (EU)ဟာ တရုတ်နဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးက အရမ်းများနေတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ အခုလို အခြေအနေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။