Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့ ကော့မပြင်းရွာတိုက်ပွဲ စစ်ကောင်စီတပ် သား ငါးဦးသေ၊ PDF နှစ်ဦးကျဆုံး

ယင်း တိုက်ပွဲကို တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF) ၊ဘက်မလိုက်ပျောက်ကြားဖွဲ့နှင့် နယ်မြေခံကာကွယ်ရေးဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF)မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - G-Y
တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF)မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - G-Y

တနင်္သာရီမြို့၊ ကော့မပြင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် (၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဒေသခံကာကွယ်ရေးတပ်များစီကို ထိုးစစ်ဆင်လာခြင်းကြောင့် ယခုလို တိုက်ပွဲဖြစ်ပွားရခြင်းဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံထုတ်ပြန်သည်။

ဒဏ်ရာရရှိသည့် PDF သုံးဦးမှာလည်း အချိန်မီ ကုသပေးနိုင်ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်မရှိတော့ကြောင်းနှင့် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်သည်ဟုလည်း ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်း တိုက်ပွဲကို တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF) ၊ဘက်မလိုက်ပျောက်ကြားဖွဲ့နှင့် နယ်မြေခံကာကွယ်ရေးဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။