Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့ ကော့မပြင်းရွာတိုက်ပွဲ စစ်ကောင်စီတပ် သား ငါးဦးသေ၊ PDF နှစ်ဦးကျဆုံး

ယင်း တိုက်ပွဲကို တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF) ၊ဘက်မလိုက်ပျောက်ကြားဖွဲ့နှင့် နယ်မြေခံကာကွယ်ရေးဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF)မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - G-Y
တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF)မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - G-Y

တနင်္သာရီမြို့၊ ကော့မပြင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် (၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဒေသခံကာကွယ်ရေးတပ်များစီကို ထိုးစစ်ဆင်လာခြင်းကြောင့် ယခုလို တိုက်ပွဲဖြစ်ပွားရခြင်းဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံထုတ်ပြန်သည်။

ဒဏ်ရာရရှိသည့် PDF သုံးဦးမှာလည်း အချိန်မီ ကုသပေးနိုင်ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်မရှိတော့ကြောင်းနှင့် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်သည်ဟုလည်း ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်း တိုက်ပွဲကို တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF) ၊ဘက်မလိုက်ပျောက်ကြားဖွဲ့နှင့် နယ်မြေခံကာကွယ်ရေးဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook