Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့မှာ တစ်နေ့လုံးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဝေဟင်ရော မြေပြင်ကပါထိုးစစ်ဆင်နေ

စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ပြောကြားထားပါတယ်။

(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

မြ၀တီ-ဝေါ်လေ ကားလမ်းပိုင်းပေါ်က သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က မြေပြင်၊ဝေဟင်ကနေ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ်လ(၂၃)ရက် မနက်(၉)နာရီအချိန်ကစပြီး စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ(၄၄၁)ရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေဖြစ်တဲ့ ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ(၁)အပြင် လေးကေကော်ဒေသရှိ ခမရ(၁၁၈)၊ ခမရ(၂)တို့ဟာ စစ်ကူအဖြစ်ပါဝင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရုံးတပ်တွေဖြစ်တဲ့ အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းရဲ့ (၆၀)မမ၊ (၈၁)မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြှောက်တွေ၊ (၈၄)မမနဲ့ MLRS အတွဲလိုက်ပစ်ဒုံးတွေနဲ့ တရပ်စပ် အပြင်းအထန်ပစ်ခတ်ပြီး မြ၀တီ-ဝေါ်လေ လမ်းမအနီး ကော်ဘရာစစ်ကြောင်းလုံခြုံရေးရယူထားတဲ့ နေရာတွေကို ကျူးကျော်ဖို့ကြိုးစားလာခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ – Cobra Column)

ဒီကနေ့ မနက်(၁၀)နာရီအချိန်ခန့်မှာတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်(၅)စီး၊ နေ့လည်(၃)နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုကို ကလက်စတာဗုံးတွေ၊ ပေါင်(၅၀၀)ဗုံးတွေ အမြောက်အများအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒီကနေ့ တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ(၄)နာရီခန့်မှာတော့ တိုက်ပွဲငြိမ်သက်သွားခဲ့ကာ ကော်ဘရာစစ်သည်တော်တစ်ဦး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး စစ်သည်တော်သုံးဦး (မစိုးရိမ်ရ)နဲ့ တစ်ဦး(စိုးရိမ်ရ) ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။