Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ နန်းမြောက်မှထွက်လာသော စစ်ကောင်စီတပ်က မတ္တရာနယ် ဇီးဖြူပင်ရွာကို မီးရှို့ဖျက်ဆီးနေ

“ဒေသခံပြည်သူ တစ်ချို့တစ်၀က် ပြေးနေရပြီ။ အနည်း အကျဉ်းဘဲ ကျန်ခဲ့ပါတယ်”ဟု တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မတ္တရာနယ်
မတ္တရာနယ်

မန္တလေးမြို့ နန်းမြောက်အပေါက်မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၅၀ ခန့်သည် မတ္တရာမြို့နယ် ဇီးဖြူပင်ကျေးရွာအား ယနေ့(သြဂုတ် ၂၃)ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သတင်းရရှိသည်။

စစ်ကားခြောက်စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်များသည် ယမန်နေ့(သြဂုတ် ၂၂ ရက်) တွင် မကျည်းတန်းရွာ၌ညအိပ်ပြီး ယနေ့ နေ့လယ် ၂ နာရီကျော်တွင် ဇီးဖြူပင်ရွာသို့ရောက်ရှိကာ ညနေ ၄ နာရီ ၁၅ ခန့်တွင် နေအိမ်များအား စတင်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒေသခံပြည်သူ တစ်ချို့တစ်၀က် ပြေးနေရပြီ။ အနည်း အကျဉ်းဘဲ ကျန်ခဲ့ပါတယ်”ဟု တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် ဇီးဖြူပင်ရွာရှိ သစ်တောရုံးနှင့် ကျေးရွာစာသင် ကျောင်းတို့တွင် အထိုင်ချတပ်စွဲထားပြီး အဆိုပါ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံနေရသော ဇီးဖြူပင်ကျေးရွာတွင် အိမ်ခြေ (၁၅၀)ကျော် ရှိကြောင်း အထက်ပါ တော်လှန်ရေးရဲဘော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မတ္တရာနယ် ဇီးဖြူပင်ကြိုးတံတားအနီးတွင် သြဂုတ် ၂၁ ရက်နေ့နေ့လယ်ပိုင်းက အင်အား (၂၇)ဦးခန့်ဖြင့် ခြေ ကျင်တက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်သိမ်းနှင့် နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။