Connect with us

Hi, what are you looking for?

သတင်း

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးမှုအခြေအနေ KNU ထုတ်ပြန်

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၂၇)နဲ့ တပ်ရင်း(၁၈) နယ်မြေတွေအတွင်းမှာ တိုက်ပွဲအများဆုံးဖြစ်ပွားတာဖြစ်ပြီး တပ်ရင်း(၂၇)လက်အောက်ခံ ကော်ဘရာစစ်ကြောင်းလုံခြုံရေးယူထားတဲ့ နေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို
ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို

ဒူးပလာယာခရိုင်အတွင်းမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တို့အကြား ရက်ပေါင်းနှစ်ဆယ်ကျော်အတွင်း တိုက်ပွဲပေါင်းအကြိမ် ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက်(၅၀)နီးပါးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို
ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်ထဲမှာ ဩဂုတ်(၁)ရက်ကနေ (၂၀)ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီ BGF တပ်တွေအကြား တိုက်ပွဲပေါင်း(၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၄၈)ဦးသေဆုံးပြီး အယောက်(၈၀) ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၂၇)နဲ့ တပ်ရင်း(၁၈) နယ်မြေတွေအတွင်းမှာ တိုက်ပွဲအများဆုံးဖြစ်ပွားတာဖြစ်ပြီး တပ်ရင်း(၂၇)လက်အောက်ခံ ကော်ဘရာစစ်ကြောင်းလုံခြုံရေးယူထားတဲ့ နေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို
ဒူးပလာယာခရိုင်ထဲ ရက် ၂၀ အတွင်း တိုက်ပွဲအကြိမ် ၃၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆို

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရမှုများပြားတဲ့နေရာတွေဖြစ်တဲ့ တပ်ရင်း(၁၈)နဲ့ တပ်ရင်း(၂၇)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က အတွဲလိုက်ပစ်ရော့ကတ်စနစ်နဲ့ လက်နက်ကြီးအမျိုးမျိုးအပြင် ဂျက်လေယာဉ် ရဟတ်ယာဉ်တွေအသုံးပြုပြီး အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လျက်ရှိနေတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်(၂၀)ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုခြောက်ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအမြောက်အများကြဲချခဲ့ကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNLA တပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိပေမယ့် မြေပြင်ရင်ဆိုင်တိုက်ပွဲမှာတော့ စစ်သည်တော်နှစ်ဦး ကျဆုံးခဲ့ပြီး (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ပြည်သူလူထု(၉၀၂၉၁)ဦးဟာ နေရပ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။