Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် ပြည်သူနှစ်ဦးအား ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်

တမူးမြို့ မင်းသာကျေးရွာမှ ကိုမျိုးနှင့် ကိုနေဆန်းကိုတမူး – အောင်ဇေယျကားလမ်း တစ်နေရာတွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ် သွား​ခြင်းဖြစ်သည်။

(တမူးမြို့အဝင်တစ်နေရာအား တွေ့ရစဥ်)
(တမူးမြို့အဝင်တစ်နေရာအား တွေ့ရစဥ်)

▪️ပျူစောထီးက PDF အယောင်ဆောင် ဓားပြတိုက် သည်ကို ဟန့်တား၍ သတ်သွားခြင်းဟု​ ဒေသခံများပြော

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူနှစ်ဦးအား ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်လိုက် ပြီး ဒေသခံ ၂၀ခန့်ကိုလည်း လမ်းမပေါ် ဝမ်းလျားမှောက်ခိုင်း၍ ရိုက်နှက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

တမူးမြို့ မင်းသာကျေးရွာမှ ကိုမျိုးနှင့် ကိုနေဆန်းကိုတမူး – အောင်ဇေယျကားလမ်း တစ်နေရာတွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ် သွား​ခြင်းဖြစ်သည်။

“အသတ်ခံရတာက သြဂုတ် ၂၂ ရက်ညကပါ။ ကိုမျိုးတို့က ကားနဲ့ လာတာကို ပျူစောထီးအဖွဲ့ကတားပြီး ပစ်သတ်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ကိုမျိုးသည် တမူးမြို့၌ လွန်ခဲ့သည့်လအနည်းငယ်က ဖြစ်ခဲ့သည့် ပျူစောထီးအချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟန်ဆောင်ကာ ကျူးလွန်သည့်ဓားပြမှုတစ်ခုကို ဝင်ရောက် ဟန့်တားဖူးခဲ့သည်။

Public Service Announcement

Public Service Announcement

” ပျူတွေက PDFကို ပုံဖျက်ဖို့ ဓားပြတိုက်တာကို ကိုမင်းက သိတော့ ဝင်ဟန့်တားဖူးတယ်။ အဲ့ဒီကတည်းက ချောင်းနေတာ။ အခုတော့ လူကိုသတ် ပြီး ကားကိုပါ မီးရှို့သွားတယ်” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ကိုမျိုးတို့နှစ်ဦးအား သတ်ဖြတ်သွားသူသည် မင်းသာရွာမှ ပျုစောထီးခေါင်းဆောင်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တမူးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ကယခင်ကထက် ပို၍ အကြမ်းဖက်နေ၍ ဒေသခံများ စိုးရိမ်နေကြသည်။ ယမန်နေ့(သြဂုတ် ၂၃ရက်)ကလည်း မြန်မာ-အိန္ဒိယနယ်စပ် ရှီးဗားဂိတ်အနီးတွင် ပြည်သူ ၂၀ဦးခန့်ကို ဝမ်းလျား မှောက်ခိုင်းပြီး တုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။