Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် PDF ရိက္ခာဂိုဒေါင်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး၊ လွှတ်တော်အမတ်ဟောင်း၏ ယောက်ဖကိုလည်း ဖမ်းဆီးသွား

ဖမ်းဆီးခံရသူများထဲတွင် ဖားကန့်မြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးတင်စိုး၏ ယောက်ဖတော်စပ်သူ ဦးဇော်မင်းဦး ပါသွားသည်ဟု သတင်းရရှိသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဖားကန့်ပင်မသပိတ်စစ်ကြောင်း သြဂုတ်၁၃ရက်က ချီတက်နေစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)
(စစ်အာဏာရှင်ဆန့်ကျင်ရေး ဖားကန့်ပင်မသပိတ်စစ်ကြောင်း သြဂုတ်၁၃ရက်က ချီတက်နေစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရိက္ခာဂိုဒေါင် မီးရှို့ဖျက်ဆီးခံရပြီး ယင်းဂိုထောင်တွင်ရှိနေသည့် အမျိုးသားသုံးဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ဖားကန့် မြို့ မှော်ပုံကျေးရွာရှိ ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်၏ ရိက္ခာဂိုဒေါင်ကို စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၂၆ရက်)ညတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

“မိုးတွေ သဲသဲမဲမဲရွာနေတဲ့အချိန် ည၁၁ နာရီလောက်က ဝင်စီးတာ။ အဖမ်းခံရတာ ၆ယောက်လို့ကြားပေမယ့် ပြန်ထွက်ပြေးလာသူတွေလည်း ရှိတယ်။ သုံးဦးကတော့ သေချာပေါက်ဖမ်းသွားတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ဖားကန့်မြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးတင်စိုး၏ ယောက်ဖတော်စပ်သူ ဦးဇော်မင်းဦး ပါသွားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဦးဇော်မင်းဦးကို သတ်လိုက်ပြီလို့ ကြားနေရတယ်။ သူ့အမျိုးသမီးက သတင်းလိုက်မေးရင်း ငိုနေတယ်ဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးတင်စိုးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ အနိုင်ရခဲ့သည့် ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခြင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။