Connect with us

Hi, what are you looking for?

သတင်း

အလွဲသုံးပြီးအလှူခံမှုများရှိ၍ ပြည်သူများအနေဖြင့် Cobra Column Facebook Page သို့ တိုက်ရိုက်ဆက်သွယ်ပံ့ပိုးကြရန် အသိပေး

ထို့ကြောင့် ပြည်သူများ အနေဖြင့် Cobra Column Facebook Page မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုသာ ကြည့်ရှုပေးရန်နှင့်Page Messengerသို့ တိုက်ရိုက် ဆက်သွယ်ပံ့ပိုးပေးရန်ကော်ဘရာ စစ်ကြောင်းက မေတ္တာရပ်ခံခဲ့သည်။

(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကော်ဘရာစစ်ကြောင်းအား ပြည်သူများပံ့ပိုးကူညီလိုပါက Cobra Column Facebook Page သို့ တိုက်ရိုက်ဆက်သွယ်ကူညီပံ့ပိုးကြရန် ကော်ဘရာစစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့် ကော်ဘရာ စစ်ကြောင်းသို့ ပြည်သူများက ပံ့ပိုးကူညီပေးလျက်ရှိရာမသမာသူများမှ ကော်ဘရာစစ်ကြောင်း၏ အမည်နာမအား အလွဲသုံးစားပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်း၏ အမှတ်တံဆိပ်၊ အမည်နာမများအသုံးပြု၍ မသမာသူလူများမှ အလှူငွေ ကောက်ခံခြင်း၊ အကောင့်တုများ ဖွင့်၍ သတင်းမှားများ ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်ဟုလည်း ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများ အနေဖြင့် Cobra Column Facebook Page မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုသာ ကြည့်ရှုပေးရန်နှင့်Page Messengerသို့ တိုက်ရိုက် ဆက်သွယ်ပံ့ပိုးပေးရန်ကော်ဘရာ စစ်ကြောင်းက မေတ္တာရပ်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

မသမာသူများ၏ အကောင့်များ၊ Page များမှ ထုတ်ပြန်သောသတင်းအမှားများ၊ ငွေကြေးကိစ္စများသည် ကော်ဘရာစစ်ကြောင်းနှင့် သက်ဆိုင်ခြင်းမရှိဟုလည်းထုတ်ပြန်ခဲ့သည်။

ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့သည် မြ၀တီ – ဝေါ်လေလမ်း အနီးတဝိုက်၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂လကျော်ကြာပြီဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်သည် မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ သုံး၍ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။