Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ပေါ် ရွှေဆိုင်တစ်ဆိုင် လုယက်ခံရ

“မြင်းခြံမြို့‌ပေါ်မှာ အခြေချနေတဲ့ပြောက်ကျားအဖွဲ့တွေ မရှိတာမို့ လက်နက်ကိုင်ပျူတွေဖြစ်နိုင်တယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထင်မြင်ချက်ပေးသည်။

မြင်းခြံမြို့ပေါ် ရွှေဆိုင်တစ်ဆိုင် လုယက်ခံရ
မြင်းခြံမြို့ပေါ် ရွှေဆိုင်တစ်ဆိုင် လုယက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် လုယက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ဩဂုတ်လ၂၈ရက်၊ နံနက် ၁၁နာရီခွဲခန့်က မြင်းခြံမြို့၊စည်ပင်သာယာဈေးတောင်ဖက်ရှိ ဝိန့်ဆန်းရွှေဆိုင်အား လက်နက်များဖြင့် ဝင်ရောက်ခြိမ်းခြောက်ကာ လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

“မြင်းခြံမြို့‌ပေါ်မှာ အခြေချနေတဲ့ပြောက်ကျားအဖွဲ့တွေ မရှိတာမို့ လက်နက်ကိုင်ပျူတွေဖြစ်နိုင်တယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထင်မြင်ချက်ပေးသည်။

လုယက်ခံရမှုတွင် ရွှေဆိုင်၏ ပစ္စည်းဆုံးရှုံးမှုအခြေအနေအား မသိရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တွေ့ရာလူစွပ်စွဲဖမ်းဆီးမှုများရှိလာနိုင်သည့်အတွက် မြင်းခြံမြို့နေပြည်သူများ အသွားအလာသတိရှိကြရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ​မြင်းခြံဒေသခံတစ်ဦးက”ပျူတွေကြီးစိုးတဲ့ မြို့ဆိုတာ အကုန်သိနေတာ အခုလုပ်တာလဲ ပျူနဲ့ စခတွေပါပဲ။ မြို့ခံသူဌေးတွေက စစ်ကောင်စီကို လာဘ်ထိုးထားတော့ ဝိန့်ဆန်းလို့ တခြားမြို့က စီးပွားလာလုပ် တဲ့ သူ့ဆိုင်ပဲ တိုက်ရဲတာ။ နေသာသလို နေနေကြတဲ့ သူဌေးတွေကို သွားတိုက်တဲ့ အသံပါ ကြားချင်တာ။”ဟု ပြောသည်။

မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း စစ်ကောင် စီအား ခုခံတော်လှန်တိုက်ခိုက်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခြင်းကိုပင် ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။