Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စခန်းစွန့်ခွာမှု ညှိနှိုင်းထားခြင်းမရှိဟု KNU တာဝန်ရှိသူပြော

“ကျွန်တော်တို့ မညှိဘူး သူ့ဟာသူ ပြန်သွားတာပဲ။ ပြန်သွားတဲ့အကြောင်းအရင်းက စစ်ဆင်ရေးအရ သူတို့ စီစဉ်မှာပဲ”ဟု KNU တာဝန်ရှိသူက ပြောသည်။

ဓါတ်ပုံ - KIC

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်း အချို့ စွန့်ခွာမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းထားခြင်းမရှိဟု KNU တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ် ကြိတ်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဩဂုတ် ၂၁ရက် နံနက်အစောတွင် စခန်းကို စွန့်ခွာသွား ကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။ယခုရက်ပိုင်းအတွင်း အလားတူ တပ်စခန်းစွန့်ခွာမှုများ စစ်ကောင်စီက လုပ်ဆောင်နေကြောင်းလည်း ဖော်ပြထားသည်။

“ကျွန်တော်တို့ မညှိဘူး သူ့ဟာသူ ပြန်သွားတာပဲ။ ပြန်သွားတဲ့အကြောင်းအရင်းက စစ်ဆင်ရေးအရ သူတို့ စီစဉ်မှာပဲ”ဟု KNU တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ဧပြီလ ဝန်းကျင်ကလည်း KNU တပ်မဟာ(၅)နယ်မြေရှိ တပ်စခန်းအချို့ စွန့်ခွာခဲ့ဖူးသည်။ တပ်မဟာ(၅)က မတ်လ ၂၇ရက်နှင့် ဧပြီ ၂၇ရက်တွင် စစ်ကောင်စီ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အင်အားနည်းတပ်စခန်းအချို့ စွန့်ခွာသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။