Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စခန်းစွန့်ခွာမှု ညှိနှိုင်းထားခြင်းမရှိဟု KNU တာဝန်ရှိသူပြော

“ကျွန်တော်တို့ မညှိဘူး သူ့ဟာသူ ပြန်သွားတာပဲ။ ပြန်သွားတဲ့အကြောင်းအရင်းက စစ်ဆင်ရေးအရ သူတို့ စီစဉ်မှာပဲ”ဟု KNU တာဝန်ရှိသူက ပြောသည်။

ဓါတ်ပုံ - KIC

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်း အချို့ စွန့်ခွာမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းထားခြင်းမရှိဟု KNU တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ် ကြိတ်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဩဂုတ် ၂၁ရက် နံနက်အစောတွင် စခန်းကို စွန့်ခွာသွား ကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။ယခုရက်ပိုင်းအတွင်း အလားတူ တပ်စခန်းစွန့်ခွာမှုများ စစ်ကောင်စီက လုပ်ဆောင်နေကြောင်းလည်း ဖော်ပြထားသည်။

“ကျွန်တော်တို့ မညှိဘူး သူ့ဟာသူ ပြန်သွားတာပဲ။ ပြန်သွားတဲ့အကြောင်းအရင်းက စစ်ဆင်ရေးအရ သူတို့ စီစဉ်မှာပဲ”ဟု KNU တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ဧပြီလ ဝန်းကျင်ကလည်း KNU တပ်မဟာ(၅)နယ်မြေရှိ တပ်စခန်းအချို့ စွန့်ခွာခဲ့ဖူးသည်။ တပ်မဟာ(၅)က မတ်လ ၂၇ရက်နှင့် ဧပြီ ၂၇ရက်တွင် စစ်ကောင်စီ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အင်အားနည်းတပ်စခန်းအချို့ စွန့်ခွာသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လမ်းခွဲနေရာများကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၄ရက်) ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အပစ်ရပ်မည်ဟုကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု အာရက္ခတပ်တော်(AA)၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

Facebook