မကွေးတိုင်း၊ မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ဝယ်တောင်(မ)ကျေးရွာအား အကြမ်းဖက်စစ် ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား၍ နေအိမ်အလုံး၃၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ဝယ်တောင်(မ)ရွာအား ယမန်နေ့ (သြဂုတ်၂၈ ရက်) နံနက်၇နာရီခန့်က စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ၃နာရီကျော်ကြာ လောင်ကျွမ်းခဲ့မှုကြောင့် ဒေသခံများ၏ နေအိမ် အလုံး ၃၀ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း We Love Myaing က အသိပေးသည်။

စစ်ကောင်စီတပ်သည် ညပိုင်းတွင် စဘေကန်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲညအိပ်ခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း၊ ဒေသခံပြည်သူထောင်နှင့် ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
မြိုင်နယ်အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် သြဂုတ် ၂၂ ရက်မှ ၂၇ ရက်အတွင်း မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာ၊ သဒွတ်ကျေးရွာ၊ပေါက်ခေါင်းကျေးရွာနှင့် ဝယ်တောင်(တ)ရွာများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

Public Service Announcement


၎င်းတို့ရန်ကြောင့် မြိုင်နယ်အနောက်ပိုင်းမှ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။
ဩဂုတ် ၂၇ရက် နံနက် ၁၀နာရီခွဲခန့်က မြိုင်မြို့နယ်၊ ဝယ်တောင်(တ)ရွာမှ မီးရှို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။


















































