Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်ရှိ ဝယ်တောင်(မ)ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀ခန့်ပြာကျ

စစ်ကောင်စီတပ်သည် ညပိုင်းတွင် စဘေကန်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲညအိပ်ခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း၊ ဒေသခံပြည်သူထောင်နှင့် ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ဝယ်တောင်(မြောက်)ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-We Love Myaing)
(ဝယ်တောင်(မြောက်)ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-We Love Myaing)

မကွေးတိုင်း၊ မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ဝယ်တောင်(မ)ကျေးရွာအား အကြမ်းဖက်စစ် ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား၍ နေအိမ်အလုံး၃၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဝယ်တောင်(မ)ရွာအား ယမန်နေ့ (သြဂုတ်၂၈ ရက်) နံနက်၇နာရီခန့်က စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ၃နာရီကျော်ကြာ လောင်ကျွမ်းခဲ့မှုကြောင့် ဒေသခံများ​၏ နေအိမ် အလုံး ၃၀ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း We Love Myaing က အသိပေးသည်။

(ဝယ်တောင်(မြောက်)ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-We Love Myaing)
(ဝယ်တောင်(မြောက်)ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-We Love Myaing)

စစ်ကောင်စီတပ်သည် ညပိုင်းတွင် စဘေကန်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲညအိပ်ခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း၊ ဒေသခံပြည်သူထောင်နှင့် ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မြိုင်နယ်အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် သြဂုတ် ၂၂ ရက်မှ ၂၇ ရက်အတွင်း မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာ၊ သဒွတ်ကျေးရွာ၊ပေါက်ခေါင်းကျေးရွာနှင့် ဝယ်တောင်(တ)ရွာများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ရန်ကြောင့် မြိုင်နယ်အနောက်ပိုင်းမှ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဩဂုတ် ၂၇ရက် နံနက် ၁၀နာရီခွဲခန့်က မြိုင်မြို့နယ်၊ ဝယ်တောင်(တ)ရွာမှ မီးရှို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သည်​ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။