Connect with us

Hi, what are you looking for?

သတင်း

မီးရှို့ခံကျေးရွာများအားကူညီနေရ၍ အဖွဲ့ရံပုံငွေအင်အားနည်းလာသောကြောင့် အားဖြည့်ပေးရန် ဒီပဲယင်းအခြေစိုက်တပ်ဖွဲ့နှစ်ဖွဲ့မေတ္တာရပ်ခံ

ပြည်သူ့ကာကွယ်ရေးတာဝန်များကိုလည်း မြို့နယ်(ပကဖ)များ၊ NUGလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် အခြားသောမြို့နယ်ရှိ မဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်း၍ တာဝန်ထမ်းဆောင် နေသော အဖွဲ့များဖြစ်ကြောင်း အသိပေးထားသည်။

(မီးရှို့ခံရသည့်ကျေးရွာနေအိမ်အချို့အတွက် အိမ်ပြန်ဆောက်ရန်ကူညီနေသော Local Fighter Squadအဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-LFS)
(မီးရှို့ခံရသည့်ကျေးရွာနေအိမ်အချို့အတွက် အိမ်ပြန်ဆောက်ရန်ကူညီနေသော Local Fighter Squadအဖွဲ့ဝင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ-LFS)

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ပြည်သူများအတွက် ငွေကြေးသုံးစွဲခဲ့ရ၍ အဖွဲ့ရံပုံငွေအင်အားနည်းလာသောကြောင့် အကူအညီတောင်းခံခြင်း Campaign တွင် ပါဝင်ပေးကြရန် ဒီပဲယင်းနယ်အခြေစိုက် Local Fighters Squad အဖွဲ့က မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်အခြေစိုက် Local Fighters Squadနှင့် ရွှေချိုးဖြူကာကွယ်ရေးတပ် ဖွဲ့များသည် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက် ဆီးမှုကြောင့် ထွက်ပြေးလာရသည့် ပြည်သူများအတွက် လက်နက်ဝယ်ယူရန် စုဆောင်းထားသော အရံငွေများထဲက ထုတ်နုတ်သုံးစွဲပြီး လတ်တလော နေထိုင်စားသောက်ရေးအတွက် သုံးစွဲခဲ့ကြောင်း Local Fighters Squadအဖွဲ့က အသိပေးသည်။

ထိုကြောင့် တပ်ဖွဲ့အတွက် လိုအပ်သော လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခါများဝယ်ယူရန် ရံပုံငွေလျော့နည်းလာ၍ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများအနေဖြင့် အကူအညီတောင်းခံခြင်း Campaign တွင် ပါဝင်ပေးကြရန် Local Fighters Squadအဖွဲ့က မေတ္တာရပ်ခံသည်။

တပ်ဖွဲ့အတွက်လိုအပ်သော လက်နက်ခဲယမ်း၊စစ်သုံးစရိတ်များကို အဖွဲ့ရှိတပ်သားများ၏ ကိုယ်ပိုင် လယ်ကွက်ခြံကွက်များ၊ ပိုင်ဆိုင်မှူများကို ရောင်းချပြီးဖြည့်တင်းတပ်ဆင်ခဲ့ကြကြောင်း၊ ထပ်မံလိုအပ်နေသော လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ရည်ရွယ်စုဆောင်းထားခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

Local Fighters Squadအဖွဲ့နှင့် ရွှေချိုးဖြူ ကာကွယ်ရေးတပ်ဖွဲ့များသည် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ကာလတစ်ခုအကြာတွင် စစ်ကောင်စီတပ်များကို တော်လှန်ရန် လိုအပ် သောသင်တန်းများအား သွားရောက်သင်ကြားခဲ့သူများဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် ဌာနေကို ပြန်လာ၍ ဖွဲ့စည်းတည်ထောင်ကာ အခြားရဲဘော် များအား လိုအပ်သောသင်တန်းများ ပြန်လည်ပို့ချခဲ့ကြောင်း ၎င်းအဖွဲ့များက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတာဝန်များကိုလည်း မြို့နယ်(ပကဖ)များ၊ NUGလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် အခြားသောမြို့နယ်ရှိ မဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်း၍ တာဝန်ထမ်းဆောင် နေသော အဖွဲ့များဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။