Connect with us

Hi, what are you looking for?

ဗီဒီယို

ရွှေဈေး ၃၂ သိန်းအထိစံချိန်တင်

ဒေါ်လာနဲ့ရွှေဈေးကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်‌တွေတွေ့ဆုံပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ အခုလိုဈေးတွေတရှိန်ထိုးမြင့်တက်လာတာပါ။

ဒီကနေ့ ဩဂုတ် ၃၁ ရက်မှာ ရွှေတစ်ကျပ်သား ပြင်ပပေါက်ဈေး ၃၂ သိန်းကျပ်အထိမြင့်တတ်ခဲ့ပြီး သမိုင်းတစ်လျှောက် စံချိန်တင်ဈေးဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီ အာဏာစသိမ်းတဲ့ အချိန်က ရွှေတစ်ကျပ်သား ငွေကျပ် ၁၃ သိန်းခန့်သာ ပေါက်ခဲ့ပေမယ့် အာဏာသိမ်းကာလ တစ်နှစ်ခွဲကျော်မှာ ယခင်‌ပေါက် ဈေးထက် နှစ်ဆကျော်မြင့်တတ်လာခဲ့တာဖြစ်ပါတယ်။

ရွှေဈေးနဲ့အတူ ဒေါ်လာဈေးလည်း ဆက်လက်မြင့်တတ်နေပြီး ဩဂုတ် ၃၀ မှာ ၃၇၀၀ အထိ ပေါက်ဈေးရှိလာပါတယ်။

ဒေါ်လာနဲ့ရွှေဈေးကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်‌တွေတွေ့ဆုံပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ အခုလိုဈေးတွေတရှိန်ထိုးမြင့်တက်လာတာပါ။

Public Service Announcement

Public Service Announcement

ရွှေဈေးမြင့်တတ်နေပေမယ့်လည်း ရန်ကုန်မြို့လယ်က ရွှေဆိုင်တစ်ချို့မှာတော့ လူတွေမပြတ်တာကိုတွေ့ခဲ့ရပါတယ်။

ဈေးကွက်ထဲမှာဆိုင်တော်တော်များများက ရွှေ အဝယ်ပဲ လက်ခံပြီး အရောင်းပိတ်ထားတယ်လို့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး ထပ်တက်နေပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ကျော်လာတယ်လို့ ရွှေစျေးကွက်က စုံစမ်းသိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။