Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့ လဝကရုံးနှင့် ကညနရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

လဝကရုံးတွင် ပွဲစားလုပ်နေသည့် ယာဉ်ထိန်းရဲဟောင်း ညွှန့်ရွှေအား ပစ်ခတ်ခဲ့ပြီးနောက် ကညနရုံးကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရုံးလုပ်ငန်းများလည်ပတ်ကာ ဝင်ငွေရှာပေးနေသော ရုံးဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

(လဝကရုံး‌တွင် ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(လဝကရုံး‌တွင် ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးကို ယနေ့ နေ့လယ်က ပစ်ခတ်တိုက်ခဲ့ကြောင်း Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့)က သတင်းထုတ်ပြန်သည်။

လဝကရုံးတွင် ပွဲစားလုပ်နေသည့် ယာဉ်ထိန်းရဲဟောင်း ညွှန့်ရွှေအား ပစ်ခတ်ခဲ့ပြီးနောက် ကညနရုံးကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရုံးလုပ်ငန်းများလည်ပတ်ကာ ဝင်ငွေရှာပေးနေသော ရုံးဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လဝကရုံးရှေ့တွင် ပစ်ခံရသည့် ညွှန့်ရွှေသည် ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် ပက်သက်ကာ ရဲစခန်း၌ ဝင်ထွက်သွား လာနေသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် တရားရုံးများတွင် အခကြေးငွေယူကာ သက်သေလိုက်လုပ်ပေးခြင်း၊ အမှုအာမခံပေးခြင်း၊လဝကနှင့် ကညနတွင် ရုံးပွဲစားလုပ်နေသည့်အပြင် သတင်းပေးတစ်ဦး ဖြစ်သောကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု Guerrilla Dawei (ထားဝယ်ပြောက်ကျား တပ်ဖွဲ့)က ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံရုံးများကို တိုက်ခိုက်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီအစစ်အမှန် လိုလားပါက အကြမ်းဖက်စစ်ကောင် လက်အောက်ခံ ရုံးများသို့ သွားရောက်ခြင်း၊လုပ်ငန်းကိစ္စများဆောင်ရွက်ခြင်းနှင့် ပက်သက်ဆက်နွယ်ခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန်လည်း ထားဝယ်ပျောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

“ ကျွန်တော်တို့ Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့)က စစ်ကောင်စီလက် အောက်ခံရုံးဌာနများအား တိုက်ခိုက်ချိန်မှာ မိဘပြည်သူများအနေနဲ့ ရုံးလုပ်ငန်းတွေ လာရောက်ဆောင်ရွက်လို ရုံးဧရိယာအတွင်းမှာ မည်သည့်မတော်တစ်ဆထိခိုက်မှုမျိုးကိုမဆို ကျွန် တော်တို့တပ်ဖွဲ့က လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးကြေညာအပ်ပါတယ်”ဟု Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့)တာဝန်ခံကို ပီတာက ပြောသည်။

ထို့အပြင် နေ့လယ် ၁၂ နာရီခန့်တွင် ဆိုင်ကယ်စီး လူငယ်နှစ်ဦးက မြို့နယ်လဝကရုံးနှင့် ကညနရုံးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၆၀အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ပစ်ခတ်မှုကြောင့် လဝကရုံးနှင့် ကညနရုံးတို့ ထိခိုက်မှုကို မသိရှိရသေးကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။