Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့မရဲစခန်းမှူးကို စစ်​ကောင်စီကဖမ်းဆီးစစ်​ဆေး

ဒုရဲမှူးစိုးနိုင်သည် ယခင်က မောင်းမကန်နယ်မြေရဲစခန်းမှ ထားဝယ်မြို့မရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။

(ထားဝယ်မြို့မရဲစခန်းကို ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ထားဝယ်မြို့မရဲစခန်းကို ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ထားဝယ်မြို့မရဲစခန်းမှူးကိုစစ်ကောင်စီက ဇူလှိုင် ၁၈ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ထားဝယ်ရဲစခန်းအတွင်း ယခုအခါစစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထား​ကြောင်း မျက်မြင်​တွေ့ရှိသူများကပြောသည်။

စခန်းမှုး ဒုရဲမှူး စိုးနိုင်ကို PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့်စစ်​ကောင်စီကဖမ်းဆီးပြီး စစ်ဆေးကြောတွင် စစ်ဆေးသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

သို့သော်လည်း ရဲအသိုင်းအဝိုင်းတွင် စခန်းမှူးသည် ဘောလုံးကိစ္စ၊ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်သမားများပို့ဆောင်သည့် ကိစ္စတို့တွင် လာဒ်စားခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟုသတင်းထွက်​နေသည်။

Public Service Announcement

Public Service Announcement

ထိုကိစ္စနှင့်ပတ်သတ်ပြီး တနင်္သာရီကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်သည့် Tanintharyi Defense Forceက “ထားဝယ်မြို့မ ရဲစခန်းမှူးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရပါတယ်။စခန်းမှူးနှင့် ဆက်စပ်ပြီး အလုပ်လုပ်ပေးခဲ့သော ရဲများပါ မကြာခင် ထပ်မံစစ်ဆေးလာဖို့ ရှိနေပါတယ်။ကာကွယ်ရေးအဖွဲ့များနှင့် ဆက်သွယ်ပေးပို့ထားသည့် အချက်အလက်များကို အမြန်ဖျောက်ဖျက်ကြဖို့ အထူးသတိပေးပါတယ်။”ဟု ဇူလှိုင် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့များကိုလွတ်မြောက်နယ်တွင် ကောင်းမွန်စွာလက်ခံထားပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

“ဒီကိစ္စကို ရဲတွေဘက်က သတင်းမထွက်အောင် ရဲတပ်သားတွေကိုလည်း ဖိအားပေးထားတယ်”ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲမိသားစုဝင်တစ်ဦးကပြောသည်။

ရဲစခန်းမှူးကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“အချင်းချင်းအဝေမတည့်လို့ လက်ထောက်ချပြီးဖမ်းတာ။ ရဲနဲ့ စစ်သားပေါင်းပြီး လူမှောင်ခိုကိစ္စလုပ်စားနေကြတာ”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်

ဒုရဲမှူးစိုးနိုင်သည် ယခင်က မောင်းမကန်နယ်မြေရဲစခန်းမှ ထားဝယ်မြို့မရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။