Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့မရဲစခန်းမှူးကို စစ်​ကောင်စီကဖမ်းဆီးစစ်​ဆေး

ဒုရဲမှူးစိုးနိုင်သည် ယခင်က မောင်းမကန်နယ်မြေရဲစခန်းမှ ထားဝယ်မြို့မရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။

(ထားဝယ်မြို့မရဲစခန်းကို ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ထားဝယ်မြို့မရဲစခန်းကို ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ထားဝယ်မြို့မရဲစခန်းမှူးကိုစစ်ကောင်စီက ဇူလှိုင် ၁၈ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ထားဝယ်ရဲစခန်းအတွင်း ယခုအခါစစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထား​ကြောင်း မျက်မြင်​တွေ့ရှိသူများကပြောသည်။

စခန်းမှုး ဒုရဲမှူး စိုးနိုင်ကို PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့်စစ်​ကောင်စီကဖမ်းဆီးပြီး စစ်ဆေးကြောတွင် စစ်ဆေးသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

သို့သော်လည်း ရဲအသိုင်းအဝိုင်းတွင် စခန်းမှူးသည် ဘောလုံးကိစ္စ၊ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်သမားများပို့ဆောင်သည့် ကိစ္စတို့တွင် လာဒ်စားခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟုသတင်းထွက်​နေသည်။

Public Service Announcement

Public Service Announcement

ထိုကိစ္စနှင့်ပတ်သတ်ပြီး တနင်္သာရီကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်သည့် Tanintharyi Defense Forceက “ထားဝယ်မြို့မ ရဲစခန်းမှူးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရပါတယ်။စခန်းမှူးနှင့် ဆက်စပ်ပြီး အလုပ်လုပ်ပေးခဲ့သော ရဲများပါ မကြာခင် ထပ်မံစစ်ဆေးလာဖို့ ရှိနေပါတယ်။ကာကွယ်ရေးအဖွဲ့များနှင့် ဆက်သွယ်ပေးပို့ထားသည့် အချက်အလက်များကို အမြန်ဖျောက်ဖျက်ကြဖို့ အထူးသတိပေးပါတယ်။”ဟု ဇူလှိုင် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့များကိုလွတ်မြောက်နယ်တွင် ကောင်းမွန်စွာလက်ခံထားပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

“ဒီကိစ္စကို ရဲတွေဘက်က သတင်းမထွက်အောင် ရဲတပ်သားတွေကိုလည်း ဖိအားပေးထားတယ်”ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲမိသားစုဝင်တစ်ဦးကပြောသည်။

ရဲစခန်းမှူးကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“အချင်းချင်းအဝေမတည့်လို့ လက်ထောက်ချပြီးဖမ်းတာ။ ရဲနဲ့ စစ်သားပေါင်းပြီး လူမှောင်ခိုကိစ္စလုပ်စားနေကြတာ”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်

ဒုရဲမှူးစိုးနိုင်သည် ယခင်က မောင်းမကန်နယ်မြေရဲစခန်းမှ ထားဝယ်မြို့မရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။