Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ မြိုင်နယ်က ပြည်သူများ

ယခုရက်ပိုင်းမှာပဲ မြိုင်နယ်က ကျေးရွာအများစုဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ‌တိမ်းရှောင်နေကြရပါတယ်။

(ထွက်ပြေးတိမ်းရှောင်လာရသော မြိုင်နယ်ပြည်သူများ၊ ဓာတ်ပုံ - MVRF)
(ထွက်ပြေးတိမ်းရှောင်လာရသော မြိုင်နယ်ပြည်သူများ၊ ဓာတ်ပုံ - MVRF)

တစ်ခေတ်တခါကတော့ အညာမှာ အခုလို လှည်းတန်းကြီးတွေမြင်ရရင် ဘုရားပွဲတော်သွားကြတဲ့ မြင်ကွင်းမျိုးပါ။ အခုတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး အကြမ်းဖက် ဖျက်ဆီးမီးရှို့မှုတွေကြောင့် လှည်းတွေနဲ့ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က ပြည်သူတွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာပဲ မြိုင်နယ်က ကျေးရွာအများစုဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ‌တိမ်းရှောင်နေကြရပါတယ်။

ပြည်သူ့နေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာနေပြည်သူတွေ မွေးမြူထားတဲ့ နွား၊ဆိတ်၊ဝက်၊ကြက်များကို ပစ်ခတ်စားသောက်တာတွေ ပြုလုပ်လျက်ရှိတယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFက ​ပြောပါတယ်။

Public Service Announcement
Public Service Announcement

မြိုင်နယ်အတွင်းရှိ ပြည်သူတွေဟာ မိမိတို့ပိုင်ဆိုင်တဲ့ ကား၊လှည်း၊ဆိုင်ကယ်များနဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထောင်ချီတဲ့ပြည်သူတွေဟာ မိုးရွာစို၊ နေပူခြောက်နဲ့ ကိုယ့်တောင်သူလုပ်ငန်းတွေ ပစ်ချထားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook