Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ်အဖွဲ့များ​၏ အခြေစိုက်စခန်းကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စီးနင်းစဉ် မိုင်းကွင်းမိ၍ ဆုတ်ခွာထွက်ပြေးရဟု မင်းလှ PDF အသိပေး

စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းနေရာ (အခြေစိုက်စခန်း)အား စွန့်ခွာခဲ့သည်။

(မင်းလှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-UMHPDF)
(မင်းလှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-UMHPDF)

ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်များ၏အခြေစိုက်စခန်းကို စစ်ကောင်စီက အင်အားအများအပြားဖြင့် စီးနင်းခဲ့သော်လည်း မိုင်းကွင်းအတွင်း အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက် ပြေးသွားရကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူး‌ပေါင်းတပ်ဖွဲ့များ၏ အခြေစိုက်စခန်းသို့ စစ်ကောင်စီက အင်အား ၃၀၀ခန့်ဖြင့်သြဂုတ် ၃၀ရက် နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကြိုတင်ထောင်ထားသည့် မိုင်းများကို အချိန်ကိုက်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ် အထိနာသွားပြီး ပြန်ဆုတ်ခွာသွားသည်ဟု မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ရန်သူဘက်မှ မိုင်းကွင်းနှင့် စခန်းပတ်ချာလည်မှ မိုင်းများနင်းမိပြီး စခ (၁၀)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စခအလောင်းများနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ နောက်ဆုတ်သွားခဲ့ပါသည်” ဟု ယမန်နေ့(စက်တင်ဘာ ၁ရက်)ည တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ကပစ(၂)၊ ကပစ(၁၀)၊ ကပစ(၁၃)၊ တပ်မ(၈၈)လက်အောက်ခံ ခလရ(၈၃)တပ်နှင့် ထောက်/ပို့(၉၄၉) ပူးပေါင်းတပ်များအသုံးပြု၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ အခြေစိုက်စခန်းကို သိမ်းယူရန်ကြိုးစားခဲ့ခြင်းဟုဆိုသည်။

လက်နက်ကြီးများ၊ စက်လက်များ၊ လက်နက်ငယ် များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ မိုင်းကွင်းအတွင်း ရောက်ရှိပြီး အထိနာသွားခြင်းဟု မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းနေရာ (အခြေစိုက်စခန်း)အား စွန့်ခွာခဲ့သည်။

“ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အထိအခိုက်၊ အကျအဆုံးမရှိ ခွာစစ်ကို အကောင်းဆုံးအသုံးပြု၍ အောင်မြင်စွာဖြင့် စခန်းအားယာယီဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူလူထုထံ တင်ပြအပ်ပါသည်”ဟု မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook