Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျူများ၊အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်တပ်၏ အာဏာရှင်အလိုကျအတိုင်း ဆက်လက်လုပ်ဆောင်ကြပါက ၎င်းအုပ်ချုပ်ရေးမှူးသွားရာလမ်းအတိုင်း ပို့ဆောင်ပေးသွားမည်ဟု လင်းလက်ကြယ်အဖွဲ့ က သတိ‌ပေးသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် စီတီးရပ်ကွက်တွင် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့စဥ်။ ဓာတ်ပုံ-စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး)
(စစ်တပ်အာဏာသိမ်းပြီးနောက် စီတီးရပ်ကွက်တွင် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့စဥ်။ ဓာတ်ပုံ-စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စီတီးရွာ(စီတီးရပ်ကွက်)၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဆိုသူ ယမန်နေ့က ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁ရက်) နံနက် ၆နာရီ ၂၃ မိနစ်ခန့်က စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးအရှေ့ဘက် မန္တလေး-စစ်ကိုင်း-ရွှေဘို-မုံရွာကားလမ်းမပေါ်တွင် စီတီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်သည် စျေးဝယ်ထွက်လာစဥ် သုံးချက်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် စီတီးရပ်ကွက်တွင် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့စဥ်။ ဓာတ်ပုံ-စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး)
(စစ်တပ်အာဏာသိမ်းပြီးနောက် စီတီးရပ်ကွက်တွင် စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့စဥ်။ ဓာတ်ပုံ-စစ်ကိုင်းသတင်းမှန် ပြန်ကြားရေး)

စစ်ကိုင်းဒေသတွင်းအခြေစိုက် လင်းလက်ကြယ်အဖွဲ့က ပစ်ခတ်ခံရသူ ဦးကျော်နိုင်သည် စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားဖြစ်ပြီး ရပ်ရွာအတွင်း သာရေး နာရေးပွဲများပြုလုပ်ရာ၌ ငွေကြေးတောင်းခံခြင်း၊ မြေကွက်များရောင်းရငွေမှ ရာခိုင်နှုန်းဖြတ်တောက်ကောက်ခံခြင်း၊ စစ်တပ်အရာရှိများနှင့်ပူးပေါင်းကာ အမှုပွဲစားပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်ပြည်သူလုထုအပေါ် အနိုင့် အထက်စီးနင်းဆက်ဆံ ဗိုလ်ကျခြင်း၊ အာဏာရှင်ဆန့်ကျင်သူများ၏ သတင်းအချက်အလက် များကို ထောက်လှမ်းကာ စစ်တပ်အားပေးပို့ခြင်း၊ ဓာတ်ပုံသတင်းထောက်ဖြစ်သူ ကိုအေးကျော် သေဆုံးသတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခြင်းနှင့်ညဘက်များတွင် စစ်တပ်မှအရာရှိကြီးများနှင့်ပေါင်းကာ KTVများ၌ အနိုင်ကျင့် ဗိုလ်ကျကာ မိန်းကလေးငယ်များနှင့် ပျော်ပါးနေခြင်းတို့ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျူများ၊အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်တပ်၏ အာဏာရှင်အလိုကျအတိုင်း ဆက်လက်လုပ်ဆောင်ကြပါက ၎င်းအုပ်ချုပ်ရေးမှူးသွားရာလမ်းအတိုင်း ပို့ဆောင်ပေးသွားမည်ဟု လင်းလက်ကြယ်အဖွဲ့ က သတိ‌ပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။