Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ ပြည်ကြီးတံခွန်ရှိ MPT ရုံး တပ်စွဲထားသော စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံရ

“ကျနော်တို့သည် ပြည်သူအချို့ကိုငဲ့ညှာပြီး ရှောင်လိုက်ရတဲ့အတွက် လိုအပ်တဲ့ပစ်မှတ်ကို မပစ်နိုင်ခဲ့ဘူး”ဟု MYF က အသိပေးသည်။

(MPT ရုံးအနီး လမ်းမကို တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(MPT ရုံးအနီး လမ်းမကို တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေး(MPT)ရုံးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက် ခိုက်ခဲ့ကြောင်း Mandalay Young Force – MYF က ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ် ၁၂၀ လမ်း၊ လမ်း ၆၀ x ၆၁ လမ်းကြားရှိ MPT ရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်လုပ်ဗုံးတစ်လုံဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ကျနော်တို့သည် ပြည်သူအချို့ကိုငဲ့ညှာပြီး ရှောင်လိုက်ရတဲ့အတွက် လိုအပ်တဲ့ပစ်မှတ်ကို မပစ်နိုင်ခဲ့ဘူး”ဟု MYF က အသိပေးသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကာင်စီ တပ်စွဲထားသောနေရာများ၊ ပတ်ဝန်းကျင်များတွင် အနီးကပ်သွားလာလှုပ်ရှားခြင်းများ မပြုကြရန် MYF မှတောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည်နှစ် ၂၀၂၁ နိုဝင်ဘာအတွင်းကလည်း အထက်ပါ MPT ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား Generation Z Power (Mandalay) မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook