Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်းပိုင်းတိုက်ခိုက်မှု စစ်ကောင်စီတပ် စစ်ကြောင်းမှူးနဲ့ တပ်သားတစ်ဦးသေဆုံးသွားတယ်လို့ ဆို

ကျားသစ်နက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းကဆိုပါတယ်။

အာရှလမ်းပိုင်းတိုက်ခိုက်မှု စစ်ကောင်စီတပ် စစ်ကြောင်းမှူးနဲ့ တပ်သားတစ်ဦးသေဆုံးသွားတယ်လို့ ဆို
အာရှလမ်းပိုင်းတိုက်ခိုက်မှု စစ်ကောင်စီတပ် စစ်ကြောင်းမှူးနဲ့ တပ်သားတစ်ဦးသေဆုံးသွားတယ်လို့ ဆို

မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို ကျားသစ်နက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၆)ရက် မနက်အစောပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မ(၂၂)လက်အောက်ခံ ခလရ(၈၁)က စစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျားသစ်နက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းကဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်ဟာ အနီးအနားကျေးရွာတွေထဲကို လက်နက်ကြီး ၁၂၀(မမ)နဲ့ ပစ်ခတ်ခဲ့ရာ ထီးမူးထရွာအတွင်းကို လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ နွားတစ်ကောင်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။