Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က KIAတပ်ရင်း (၉)နယ်မြေကို လေကြောင်းမှ နှစ်ရက်ဆက်တိုက်ခိုက်

ရှမ်းမြောက် မူဆယ် – လားရှိုး လမ်းပိုင်း၌ စစ်ကောင်စီတပ်က အင်အားများ ဖြည့်တင်းနေ၍ လားရှိုးနှင့် မူဆယ်အကြား၌ စက်တင်ဘာလဆန်း၌ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏရှိနေသည်ဟု နမ့်ဖက်ကာ ဒေသခံတစ်ဦးက ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယမန်နေ့က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာ ၍ လေကြောင်းမှ တုန့်ပြန်တိုက်ခိုက်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မနေ့ကနေ ဖြစ်တာက ကျွန်တော်တို့ တပ်မဟာ(၆)၊ တပ်ရင်း (၉) နယ်မြေဘက်မှာ စစ်ကောင်စီဘက်က ထိုးဝင်လာလို့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။အဲဒီနေရာမှာ မနေ့ကလည်း လေကြောင်းလာတယ်။ ဒီနေ့လည်း လေကြောင်းနဲ့ လာတိုက်တာရှိပါတယ်”ဟု ၎င်းက ပြော သည်။

KIA တပ်ရင်း (၉)နယ်မြေသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များ အတွင်း၌ တည်ရှိသည်။

Public Service Announcement
Public Service Announcement

“သူတို့ ထိုးဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့ ခုခံတိုက်ပွဲဖြစ်တဲ့ အဲဒီနေ့ရက်မှာတော့ စစ်ကောင်စီဘက်က နည်းနည်း အထိနာတယ်လို့ ကြားပါတယ်။ အဲဒါကြောင့် သူတို့ကလည်း ပြန်ပြီးမှ စစ်ကြောင်းထပ်တိုးပြီးမှ ထိုးဝင်လာလို့ အခုတိုက်ပွဲတွေ ဖြစ်လာတဲ့ သဘောမျိုးရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက် မူဆယ် – လားရှိုး လမ်းပိုင်း၌ စစ်ကောင်စီတပ်က အင်အားများ ဖြည့်တင်းနေ၍ လားရှိုးနှင့် မူဆယ်အကြား၌ စက်တင်ဘာလဆန်း၌ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏရှိနေသည်ဟု နမ့်ဖက်ကာ ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်ဘက်တွင် KIAနှင့် စစ်ကောင်စီတပ်အကြား လတ်တလောတွင် စစ်ရေး အခြေအနေ ထူးခြားမှုမရှိသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ သို့ရာတွင် ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်း KIA တပ်ရင်း(၁၄) နယ်မြေဘက်တွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကို တွေ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။