Connect with us

Hi, what are you looking for?

သတင်း

ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်

လက်ရှိတွင် စစ်ကောင်စီတပ်သည်တပ်ချောင်းရွာ အရှေ့နှင့် စစ်လျင်ချောင်းရွာ အရှေ့တောင်ကြောတစ်ဝိုက်၌ တပ်ဖျောက်နေကြောင်း KPDF က ပြောသည်။

(ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ စစ်ရေးလေ့ကျင်‌နေကြစဥ်)
(ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ စစ်ရေးလေ့ကျင်‌နေကြစဥ်)

အင်အား ၁၀၀ကျော်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီအဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့KPDF 2- မှတာဝန်ရှိသူတစ်ဦးက​ ပြောသည်။

မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပိုင်းရှိ မင်းကင်းမြို့နယ် တောင်တွင်းဒေသအထက်ပိုင်းသို့ ယမန်နေ့(စက်တင်ဘာ ၆ ရက်) နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့ခြင်းဟု ဆိုသည်။

တပ်ချောင်းရွာ အရှေ့ရွှေသမင်တောင်ထိပ်သို့ ရှေ့ပြေးတက်လာသော စစ်ကောင်စီတပ်သားများနှင့် (KPDF2)၊ ကနီမြို့နယ်ဆယ်ရွာဒေသခံ (ပကဖ)တပ်ရင်း၊ တိမ်ပျံပျောက်ကျား(တောင်တွင်းဒေသ) ပူးပေါင်းတပ်ဖွဲ့တို့ ပူး​ပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း KPDF 2- က ထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့၏လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရှေ့ပြေးတက်လာသော စစ်ကောင်စီ တပ်သားများအနက် ကာကွယ်ရေးတပ်ဖွဲ့၏ မျက်မြင်အတည်ပြုချက်အရ နှစ်ဦးသေဆုံးကြောင်း အသိပေးသည်။ အဆိုပါတိုက်ပွဲတွင် PDFတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟု တာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကနီနယ်ရှိ ဆယ်ရွာတွင် စစ်​ကောင်စီစခန်းရှိပြီး အဆိုပါစခန်းသို့ စစ်​ကြောင်းမလာသည်မှာ ကြာပြီဖြစ်၍ ဆယ်ရွာရှိစခန်းသို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်နိုင်​ကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

“မလာတာနည်းနည်းကြာပြီဗျ။ ခုက တောင်တွင်းအထက်ပိုင်းလည်း ရောက်နေပြီ‌ဆိုတော့ ကနီနယ်ထိလာမယ် ယူဆရတယ်။ ကားလမ်းက သုံးမရလို့စစ်ကား​တွေ တောင်တွင်းအောက်ပိုင်းထားခဲ့ပြီး ခြေလျင်တဖြည်းဖြည်းချင်းတက်လာတာ။ အခုစစ်ကြောင်းက အနောက်ဘက်ကနေ ကုန်းကြောင်းထိုးတာပါ” ဟု KPDF တပ်ရင်း (၂)မှတာဝန်ရှိသူက ​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည်တပ်ချောင်းရွာ အရှေ့နှင့် စစ်လျင်ချောင်းရွာ အရှေ့တောင်ကြောတစ်ဝိုက်၌ တပ်ဖျောက်နေကြောင်း KPDF က ပြောသည်။

ထို့အပြင် ယနေ့(စက်တင်ဘာ ၇ ရက်) ညနေ ၄နာရီခန့်တွင် ကျော်ရွာ၌ တပ်စွဲထားသည့် ပျူ စောထီးနှင့် စစ်ကောင်စီတပ်သား ၁၀ဦးခန့်မှာ ကုန်းပေါ်ရွာသို့ရောက်ရှိကာ ပြည်သူနေအိမ်များကို မီးရှို့ပြီး ဝင်ဝရွာသို့ ဦးတည်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ကင်းရာတွင် တိမ်းရှောင်နေကြရန်နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့အနေဖြင့် ပြည်သူများဘေးအန္တ ရာယ် ကင်းရှင်းရေးအတွက် အစွမ်းကုန်ခုခံကာ ကွယ်သွားမည်ဟု KPDF တပ်ရင်း (၂) ကတိပြု သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်