ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီက မြန်မာနိုင်ငံကမိုဘိုင်းဆက်သွယ်ရေးအော်ပရေတာကို ဒေါ်လာ ၅၇၆သန်းဖြင့် Nine Communications ကုမ္ပဏီကို ရောင်းချလိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ တခုတည်းသာကျန်ရှိတော့သည့်နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးသည် နော်ဝေးမိုဘိုင်းအော်ပရေတာ တယ်လီနောထွက်ခွာပြီးနောက် ထပ်မံထွက်ခွာသွားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
အော်ရီဒူးကုမ္ပဏီက ရောင်းချလိုက်သည့် စင်ကာပူ Nine Communications သည် မြန်မာနိုင်ငံသား ဦးဉာဏ်ဝင်းနှင့် Link Family ကပိုင်ဆိုင်ထားခြင်းဖြစ်သည်။
စုစုပေါင်း ရင်းနှီးမြှပ်မှု ရှယ်ယာတန်ဖိုး ဒေါ်လာ ၁၆၂ သန်းနှင့်အတူ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၅၇၆ သန်းရှိသည့် အရောင်းအဝယ် သဘောတူညီချင်ဖြစ်သည်ဟု ကာတာအခြေစိုက်အော်ရီဒူးကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement
ကာတာအခြေစိုက်အော်ရီဒူးကုမ္ပဏီသည်အော်ရီဒူး(မြန်မာ)အဖြစ်၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုလည်းဖြစ်သည်။


















































