Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အော်ရီဒူးမြန်မာကို ဒေါ်လာ ၅၇၆သန်းဖြင့်ရောင်းချ

အော်ရီဒူးကုမ္ပဏီက ရောင်းချလိုက်သည့် စင်ကာပူ Nine Communications သည် မြန်မာနိုင်ငံသား ဦးဉာဏ်ဝင်းနှင့် Link Family ကပိုင်ဆိုင်ထားခြင်းဖြစ်သည်။

(​စစ်အုပ်စု၏အာဏာသိမ်းမှု​ကြောင့်နော်​ဝေဆက်သွယ်​​ရေးကုမ္ပဏီတယ်လီ​နောထွက်ခွာသွားပြီး​နောက်ကာတာကုမ္ပဏီ ​အော်ရီဒူးပါမြန်မာနိုင်ငံမှထွက်ခွာ​ပြီဖြစ်သည်။ဓါတ်ပုံ-EPA)
(​စစ်အုပ်စု၏အာဏာသိမ်းမှု​ကြောင့်နော်​ဝေဆက်သွယ်​​ရေးကုမ္ပဏီတယ်လီ​နောထွက်ခွာသွားပြီး​နောက်ကာတာကုမ္ပဏီ ​အော်ရီဒူးပါမြန်မာနိုင်ငံမှထွက်ခွာ​ပြီဖြစ်သည်။ဓါတ်ပုံ-EPA)

ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီက မြန်မာနိုင်ငံကမိုဘိုင်းဆက်သွယ်ရေးအော်ပရေတာကို ဒေါ်လာ ၅၇၆သန်းဖြင့် Nine Communications ကုမ္ပဏီကို ရောင်းချလိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ တခုတည်းသာကျန်ရှိတော့သည့်နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးသည် နော်ဝေးမိုဘိုင်းအော်ပရေတာ တယ်လီနောထွက်ခွာပြီးနောက် ထပ်မံထွက်ခွာသွားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

အော်ရီဒူးကုမ္ပဏီက ရောင်းချလိုက်သည့် စင်ကာပူ Nine Communications သည် မြန်မာနိုင်ငံသား ဦးဉာဏ်ဝင်းနှင့် Link Family ကပိုင်ဆိုင်ထားခြင်းဖြစ်သည်။

စုစုပေါင်း ရင်းနှီးမြှပ်မှု ရှယ်ယာတန်ဖိုး ဒေါ်လာ ၁၆၂ သန်းနှင့်အတူ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၅၇၆ သန်းရှိသည့် အရောင်းအဝယ် သဘောတူညီချင်ဖြစ်သည်ဟု ကာတာအခြေစိုက်အော်ရီဒူးကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကာတာအခြေစိုက်အော်ရီဒူးကုမ္ပဏီသည်အော်ရီဒူး(မြန်မာ)အဖြစ်၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

သတင်း

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

သတင်း

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။