Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့မ ဒုစခန်းမှူးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲများပြင်းထန်နေချိန်တွင် ရခိုင်လူမျိုးတက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးနေသည်။

အမ်းမြို့မ ဒုစခန်းမှူးကို စစ်ကောင်စီဖမ်းဆီး
အမ်းမြို့မ ဒုစခန်းမှူးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ် အမ်းမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်သက်လှိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ရဲစခန်းတစ်ခုလုံး ကြောက်ရွှံ့နေကြသည်ဟု ဒေသခံများက ပြောသည်။

ရဲအုပ်သက်လှိုင်ကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်)ညနေ ၅နာရီခန့်က ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ရဲအုပ်သက်လှိုင်က ရခိုင်လူမျိုး။ ဘာကြောင့်ဖမ်းတယ်တော့ မသိရသေးဘူး။ ပြည်နယ် စရဖကနေဆင်းဖမ်းတာလို့တော့ သိရတယ်။ အမ်းရဲစခန်းက ရဲတွေလည်း လန့်နေကြတယ်”ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲများပြင်းထန်နေချိန်တွင် ရခိုင်လူမျိုးတက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးနေသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီကလည်း မြောက်ဦးမြို့မှ ရခိုင်လူငယ် အဆိုတော်တစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။