Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

ယနေ့ညနေ ၆ နာရီ ၃၅ ခန့်က မြို့နယ်ခန်းမ၌တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြင်သို့ထွက်လာချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(မြို့နယ်ခန်းမအား တွေ့ရစဉ်၊ ပုံအဟောင်းအား ပြန်လည်အသုံးပြုထားခြင်းဖြစ်ပါသည်)
(မြို့နယ်ခန်းမအား တွေ့ရစဉ်၊ ပုံအဟောင်းအား ပြန်လည်အသုံးပြုထားခြင်းဖြစ်ပါသည်)

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ရွှေပြည်သာ မြေအောက် တော်လှန်ရေးအဖွဲ့(SPTUG)အဖွဲ့က ယနေ့(စက်တင်ဘာ ၁၁)ထုတ်ပြန်သည်။

ယနေ့ညနေ ၆ နာရီ ၃၅ ခန့်က မြို့နယ်ခန်းမ၌တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြင်သို့ထွက်လာချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“စခ အသေအပျောက် ရှိနိုင်ပါတယ်။ ဒါပေမဲ့ မှောင်နေတာရယ် မိုးရွာနေတာရယ်ကြောင့် အတိအကျတော့ မငိရသေးပါဘူး”ဟု SPTUG အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ရွှေပြည်သာမြို့နယ်ခန်းမတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ စီးနင်းသော ဆိုင်ကယ်များအား နေ့စဥ် မတရားသဖြင့်ဖမ်းဆီးကာ အနိုင်ကျင့် နှိပ်စက်နေခြင်း၊ ဖမ်းဆီးထားသော ဆိုင်ကယ်များအား ရပ်ကျေး၊ ဒလန်များထံသို့ပြန်လည် ရောင်းချခြင်းစသည့်လုပ်ရပ်ဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် နှိပ်စက်အနိုင်ကျင့်နေခြင်းများကြောင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါ တိုက်ခိုက်မှုအတွင်း SPTUG အဖွဲ့များ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ လုံခြုံဘေးကင်းရာသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။

စက်တက်ဘာ ၆ ရက်ကလည်း ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook