Connect with us

Hi, what are you looking for?

သတင်း

ကျင့်ဝတ်ကင်းမဲ့ရုံမက တိုက်စွမ်းအားမရှိ၊ ပြည်သူကိုရန်ရှာနေသည့် စစ်ကောင်စီတပ်၏ နေဝင်ချိန်မဝေးတော့ဟု NUGကာကွယ်ရေးဝန်ကြီးပြော

ကာကွယ်ရေးဝန်ကြီးက ပြည်သူ့သားကောင်းများသို့ စက်တင်ဘာ ၁၁ရက် ရက်စွဲဖြင့် ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - AA၊KNDF)
(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - AA၊KNDF)

ပြည်သူ့ဘက်ရပ်တည်ခဲ့သည့် ရဲဘော်များ၏ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်း ဖော်ပြ

စစ်ကောင်စီတပ်သည် စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ်ကင်းမဲ့ရုံမက လက်ရှိတွင် စစ်တိုက်နိုင်စွမ်းမရှိတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

“အပြစ်မဲ့ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာတတ်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီလည်း ဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့နေဝင်ချိန်မဝေးတော့ဘူး ဆိုတာကို ပြတယ်”ဟု ၎င်းက ဆိုသည်။

(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - AA၊KNDF)
(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – AA၊KNDF)

ကာကွယ်ရေးဝန်ကြီးက ပြည်သူ့သားကောင်းများသို့ စက်တင်ဘာ ၁၁ရက် ရက်စွဲဖြင့် ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့သားကောင်းများအဖြစ် မှတ်ယူကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့သားသမီးများပီပီ ပြည်သူဘက်ကရပ်တည်ဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ရဲဘော်တို့ရဲ့ အသိဥာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်း ပြောလိုတယ်။အခုဆို ရဲဘော်တို့ဟာ ပြည်သူ့ကွယ်ရေးတပ်မတော်PDFရဲဘော်များအဖြစ်ခံယူပြီးဖြစ်ရုံမက လက်တွေ့တော်လှန် ရေးမှာ ပါဝင်နေကြပြီလည်းဖြစ်တယ်။ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံးရှိလိမ့်မယ်”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - AA၊KNDF)
(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – AA၊KNDF)

ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သည့် တပ်မတော်သည် ဗိုလ်နေဝင်းအစပြုသည့် လက်ရှိ မင်းအောင်လှိုင်အထိ ကိုယ်ကျိုးအာဏာငမ်းဖမ်းနေသည့် စစ်ခေါင်းဆောင်တစ်စုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“ငါတို့ဟာ စိတ်သစ်၊ လူသစ်၊ အတွေးအခေါ်အသစ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သစ်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်၊ ရှေ့ဆောင်လမ်းပြမှုနဲ့အညီ အသစ်တည်ထောင်နေကြတာ ဖြစ်တယ်။ ဒီတပ်မတော်ဟာ တချိန်မှာပေါ်ပေါက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်တော်ရဲ့ ရှေ့ပြေးအမြုတေလည်း ဖြစ်တယ်။ဒီနိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့လုံခြုံမှုအတွက် ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့ ကာကွယ်စောင့်ရှောက်ကြရမယ်”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - AA၊KNDF)
(ရှမ်းပြည်နယ် မိုးဗြဲနှင့် ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – AA၊KNDF)

လက်ရှိအချိန်တွင် လက်နက်အားကိုးပြီး ပြည်သူကိုရန်ပြုနေသည့် အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင် တွန်းလှန်ဖယ်ရှားပစ်ရန်မှာ လတ်တလောတာဝန်ဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်၏ သဝဏ်လွှာ၌ ဖော်ပြထားပြီး အားလုံးညီညွတ်စွာဖြင့် စစ်အုပ်စုကို အနိုင်ယူကာ ပြည်သူနှင့်အတူ အောင်ပွဲခံကြရအောင်ဟု နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။