Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းရန် ဘဏ္ဍာငွေရှာဖွေမည့် Skywalk အစီအစဥ်သြဂုတ် ၃၀ ရက်စမည်

အထက်ပါ Skywalk ဘဏ္ဍာငွေရှာဖွေရေးအစီအစဥ်အား သြဂုတ် ၃၀ ရက်မှ စက်တက်ဘာ ၁၅ ရက်အထိ ၁၇ ရက်တာကာလအတွင်း ဘဏ္ဍာငွေအဖြစ် အမေရိကန်ဒေါ်လာတစ်သန်းရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းရန် ဘဏ္ဍာငွေရှာဖွေမည့် Skywalk အစီအစဥ် သြဂုတ် ၃၀ ရက်စမည်
NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းရန် ဘဏ္ဍာငွေရှာဖွေမည့် Skywalk အစီအစဥ် သြဂုတ် ၃၀ ရက်စမည်

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းလက် ရုံးတပ်ဖွဲ့စည်းရန် ဘဏ္ဍာငွေရှာဖွေမည့် Skywalk အစီအစဥ်ကို မနက်ဖြန် သြဂုတ် ၃၀ ရက်တွင် စတင်မည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်သည်။

ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းခြင်းကို နိုင်ငံတစ်ဝှမ်း နွေဦးတော်လှန်ရေးတွင် ပါဝင်လျှက်ရှိသော ဒရုန်းစစ်သည်များနှင့် ဒရုန်းတပ်ဖွဲ့များအားစုစည်းပြီး နည်းပညာအကူအညီနှင့် လက်နက်ခဲယမ်းများတပ်ဆင်ပေးခြင်း၊ လိုအပ်သည့်ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် အုပ်ချုပ်မှုတစ်ခုအောက်တွင် ရန်သူ့တပ်များအာ စနစ်တကျတိုက်ခိုက်ချေမှုန်းနိုင်ရန်ရည်ရွယ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် လက်ရုန်းတပ်ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအ တွက် ဘဏ္ဍာငွေရှာဖွေမည့်အစီအစဥ်အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PVTV အပါအဝင် ပြည်သူ့မီဒီယာများ၊ Skywalk Project ၊ အနု ပညာရှင်များ၊ Fundraising အဖွဲ့များနှင့် Influranser များပူးပေါင်းပြီး သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ဘဏ္ဍာငွေရှာဖွေသွားမည်ဟု ရှင်းပြထားသည်။

“ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့ ငွေလက်ခံမယ့်လမ်းကြောင်းတွေကို ကျနော်တို့ မနက်ဖြန်(သြဂုတ် ၃၀)တခါထဲ ကြေညာသွားမှာဖြစ်ပါတယ်။ နီးစပ်ရာ Fundraiser ဆီကို ဘယ်လိုနည်းနဲ့ ရောက်ရှိသွားမယ်၊ ဘယ်လိုဆက်သွယ်လှူဒါန်းလို့ရမယ်ဆိုတာတွေကို ကြေညာပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ project ကြီးမှာပါဝင်ပြီး လှူဒါန်းလို့ရပါတယ်။ အားဖြည့်လို့ ရပါတယ်”ဟု Skywalk Project မှ ကိုမိုက်ကယ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုအစီအစဥ်သည် ဘဏ္ဍာငွေရှာဖွေရေးသက် သက်မဟုတ်ဘဲ ယခုအစီအစဥ်အားတွေ့ရှိသည့် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များအား ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းရေး ချိတ်ဆက်နိုင်မည်အပြင် ကိုယ်တိုင်ပါဝင်ကြဖို့လည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အထက်ပါ Skywalk ဘဏ္ဍာငွေရှာဖွေရေးအစီအစဥ်အား သြဂုတ် ၃၀ ရက်မှ စက်တက်ဘာ ၁၅ ရက်အထိ ၁၇ ရက်တာကာလအတွင်း ဘဏ္ဍာငွေအဖြစ် အမေရိကန်ဒေါ်လာတစ်သန်းရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ခုခံစစ်ဆင်နွှဲလျှက်ရှိသော နိုင်ငဲတစ်ဝှမ်းရှိ တော်လှန်းရေးအဖွဲ့အစည်းများမှ ဒရုန်းတိုက်ခိုက်ရေးစစ်သည်တော်များနှင့် ဒရုန်းတပ်ဖွဲ့အများစုနှင့် ကာကွယ် ရေးဝန်ကြီးဌာနအပါအဝင် Skywalk Project တို့ ချိတ်ဆက်ထားပြီဖြစ်ကာ ချိတ်ဆက်ရန်ကျန်ရှိနေသည့် ဒရုန်းတပ်ဖွဲ့များအနေဖြငိ့လည်း Skywalk Project Page ထံ ဆက်သွယ်ပေးကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။