NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းလက် ရုံးတပ်ဖွဲ့စည်းရန် ဘဏ္ဍာငွေရှာဖွေမည့် Skywalk အစီအစဥ်ကို မနက်ဖြန် သြဂုတ် ၃၀ ရက်တွင် စတင်မည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်သည်။
ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းခြင်းကို နိုင်ငံတစ်ဝှမ်း နွေဦးတော်လှန်ရေးတွင် ပါဝင်လျှက်ရှိသော ဒရုန်းစစ်သည်များနှင့် ဒရုန်းတပ်ဖွဲ့များအားစုစည်းပြီး နည်းပညာအကူအညီနှင့် လက်နက်ခဲယမ်းများတပ်ဆင်ပေးခြင်း၊ လိုအပ်သည့်ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် အုပ်ချုပ်မှုတစ်ခုအောက်တွင် ရန်သူ့တပ်များအာ စနစ်တကျတိုက်ခိုက်ချေမှုန်းနိုင်ရန်ရည်ရွယ်ကြောင်း ဖော်ပြသည်။
ထို့ကြောင့် လက်ရုန်းတပ်ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအ တွက် ဘဏ္ဍာငွေရှာဖွေမည့်အစီအစဥ်အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PVTV အပါအဝင် ပြည်သူ့မီဒီယာများ၊ Skywalk Project ၊ အနု ပညာရှင်များ၊ Fundraising အဖွဲ့များနှင့် Influranser များပူးပေါင်းပြီး သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ဘဏ္ဍာငွေရှာဖွေသွားမည်ဟု ရှင်းပြထားသည်။
“ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့ ငွေလက်ခံမယ့်လမ်းကြောင်းတွေကို ကျနော်တို့ မနက်ဖြန်(သြဂုတ် ၃၀)တခါထဲ ကြေညာသွားမှာဖြစ်ပါတယ်။ နီးစပ်ရာ Fundraiser ဆီကို ဘယ်လိုနည်းနဲ့ ရောက်ရှိသွားမယ်၊ ဘယ်လိုဆက်သွယ်လှူဒါန်းလို့ရမယ်ဆိုတာတွေကို ကြေညာပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ project ကြီးမှာပါဝင်ပြီး လှူဒါန်းလို့ရပါတယ်။ အားဖြည့်လို့ ရပါတယ်”ဟု Skywalk Project မှ ကိုမိုက်ကယ်က ပြောသည်။

Public Service Announcement
ထို့အပြင် ယခုအစီအစဥ်သည် ဘဏ္ဍာငွေရှာဖွေရေးသက် သက်မဟုတ်ဘဲ ယခုအစီအစဥ်အားတွေ့ရှိသည့် ဒရုန်းတိုက်ခိုက်ရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များအား ဒရုန်းလက်ရုံးတပ်ဖွဲ့စည်းရေး ချိတ်ဆက်နိုင်မည်အပြင် ကိုယ်တိုင်ပါဝင်ကြဖို့လည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အထက်ပါ Skywalk ဘဏ္ဍာငွေရှာဖွေရေးအစီအစဥ်အား သြဂုတ် ၃၀ ရက်မှ စက်တက်ဘာ ၁၅ ရက်အထိ ၁၇ ရက်တာကာလအတွင်း ဘဏ္ဍာငွေအဖြစ် အမေရိကန်ဒေါ်လာတစ်သန်းရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိတွင် ခုခံစစ်ဆင်နွှဲလျှက်ရှိသော နိုင်ငဲတစ်ဝှမ်းရှိ တော်လှန်းရေးအဖွဲ့အစည်းများမှ ဒရုန်းတိုက်ခိုက်ရေးစစ်သည်တော်များနှင့် ဒရုန်းတပ်ဖွဲ့အများစုနှင့် ကာကွယ် ရေးဝန်ကြီးဌာနအပါအဝင် Skywalk Project တို့ ချိတ်ဆက်ထားပြီဖြစ်ကာ ချိတ်ဆက်ရန်ကျန်ရှိနေသည့် ဒရုန်းတပ်ဖွဲ့များအနေဖြငိ့လည်း Skywalk Project Page ထံ ဆက်သွယ်ပေးကြရန် အသိပေးထားသည်။


















































