Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ

“သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်”လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ
မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ

မြင်းခြံမြို့နယ် ဆီမီးခုံနယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျုစောထီးတွေ ဆက်တိုက်သတ်ဖြတ်ခံနေရတဲ့အတွက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဝင်မွှေကာ ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပါတယ်။

ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ကိုးဦး နှစ်ရက်အတွင်း သတ်ဖြတ်ခံရပြီးနောက် စစ်အုပ်စုက ရွာတွေကို ပိုက်စိတ်တိုက်ရှာဖွေတာလုပ်လာတာပါ။

ဆီမီးခုံနယ်က ကန်နီ၊ပင်လယ်၊ငါ့နန်း၊ဖောင်းကတော၊ဖရင်း၊ဖက်ပင် စတဲ့ရွာတွေက ဒေသခံတွေကို ဖမ်းဆီးတာတွေရှိနေသလို ရွာထဲရမ်းကားသောင်းကြမ်းနေတယ်လို့ ဒေသခံများကပြောပါတယ်။

Public Service Announcement
Public Service Announcement

“သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်”လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၁၀ ရက် ကဆီမီးခုံမြို့ နယ်အတွင်း ဗိုလ်ကြီးတစ်ဦးနဲ့ နောက်လိုက်တစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

စက်တင်ဘာ ၁၂ ရက်ကလည်း ဖောင်းကတော ရွာက စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးအဖွဲ့ဝင် သုံးဦးပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာက ရှေးဟောင်းဘုန်းတော်ကြီးကျောင်း မီးလောင်ပြီး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။