Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ

“သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်”လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ
မြင်းခြံ ဆီမီးခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို ဝင်ရောက် ပိုက်စိတ်တိုက်ရှာဖွေ

မြင်းခြံမြို့နယ် ဆီမီးခုံနယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျုစောထီးတွေ ဆက်တိုက်သတ်ဖြတ်ခံနေရတဲ့အတွက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို ဝင်မွှေကာ ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပါတယ်။

ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ကိုးဦး နှစ်ရက်အတွင်း သတ်ဖြတ်ခံရပြီးနောက် စစ်အုပ်စုက ရွာတွေကို ပိုက်စိတ်တိုက်ရှာဖွေတာလုပ်လာတာပါ။

ဆီမီးခုံနယ်က ကန်နီ၊ပင်လယ်၊ငါ့နန်း၊ဖောင်းကတော၊ဖရင်း၊ဖက်ပင် စတဲ့ရွာတွေက ဒေသခံတွေကို ဖမ်းဆီးတာတွေရှိနေသလို ရွာထဲရမ်းကားသောင်းကြမ်းနေတယ်လို့ ဒေသခံများကပြောပါတယ်။

Public Service Announcement
Public Service Announcement

“သူတို့လူသတ်ခံရတော့ ရွာတွေမှာ မသင်္ကာတဲ့လူထင်ရင် ဖမ်းသွားတယ်ပြောတယ်”လို့ ကန်နီ ကျောက်တိုင်ရွာမှာနေထိုင်သူအမျိုးသားတစ်ဦးပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၁၀ ရက် ကဆီမီးခုံမြို့ နယ်အတွင်း ဗိုလ်ကြီးတစ်ဦးနဲ့ နောက်လိုက်တစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

စက်တင်ဘာ ၁၂ ရက်ကလည်း ဖောင်းကတော ရွာက စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးအဖွဲ့ဝင် သုံးဦးပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။