Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝမြို့နယ်အတွင်း ဒေသခံ CDFတပ်ဖွဲ့များနှင့် AA အကြား တင်းမာမှုမရှိဟု အသိပေး

“ အားလုံးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ အဖွဲ့အစည်းအချင်းချင်းသာဖြစ်ပါတယ်”ဟု ပလက်၀ CDFက ယနေ့ ထုတ်ပြန်သည်။

(ပလက်၀ CDF မှ ရဲဘော်များအား တွေ့ရစဥ်)
(ပလက်၀ CDF မှ ရဲဘော်များအား တွေ့ရစဥ်)

▪️ပလက်၀ CDF တပ်ဖွဲ့ဝင်များအနေဖြင့်လည်း AAထံ စစ်သင်တန်းတက်ခြင်းမရှိဟု ထုတ်ပြန်

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း၌ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)များနှင့် ရက္ခိုင့်တပ်တော်(AA)အကြား အခြေအနေ တင်းမာမှုမရှိကြောင်း ပလက်၀ CDF က ထုတ်ပြန်သည်။

“ အားလုံးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ အဖွဲ့အစည်းအချင်းချင်းသာဖြစ်ပါတယ်”ဟု ပလက်၀ CDFက ယနေ့ ထုတ်ပြန်သည်။

ပလက်၀ CDFနှင့်ပတ်သက်ပြီး လူမှုကွန်ရက်၌ မဟုတ်မမှန်ရေးသားမှု နှင့်ပတ်သက်ပြီး ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ပလက်၀ CDFတပ်ဖွဲ့ဝင်များ AAထံ စစ်သင်တန်းတက်နေသည်ဆိုပြီး ချင်းဘာသာဖြင့် ရေးသားထားမှု၊ မြန်မာလို ဘာသာပြန်လရေးသားထားမှုကို ဒေသတွင်း Facebook Page ၌ ဖော်ပြကြောင်း၊ထို့ပြင် ပလက်ဝမြို့နယ် သံထောင်နယ်မြေ၌ ဒေသခံ CDFတပ်ဖွဲ့နှင့် AA တပ်ဖွဲ့အကြားအခြေအနေတင်းမာနေသည်ဟု ရေးသားထားသည်ကိုလည်း ဖတ်ရကြောင်း ပလက်၀ CDFက ထုတ်ပြန်ခဲ့ပြီး ယင်းသို့ ဖော်ပြချက်များ မှားယွင်းနေကြောင်း ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“CDF Paletwa က မည်သည့် တပ်ဖွဲ့ဝင်တစ်စုံတယောက်မျှ AA ဆီမှာ စစ်သင်တန်းတက်ရောက်ခဲ့တာ/နေတာ မရှိပါ။ နောင်လည်း မရှိနိုင်ပါ။ CDF Paletwa ဟာ CJDC(ချင်းလက်နက်ကိုင် ၁၈ဖွဲ့ဖြင့် စုပေါင်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) အဖွဲ့ဝင်ဖြစ်တာကြောင့် CDF Paletwa အနေနဲ့ စစ်သင်တန်းတက်ရောက်နိုင်တဲ့နေရာတွေ လုံလုံလောက်လောက်ရှိပါတယ်”ဟု ပလက်၀ CDFက ထုတ်ပြန်သည်။

သံထောင်နယ်မြေအပါအဝင် ပလက်ဝမြို့နယ်အတွင်း ဒေသခံ CDF တပ်ဖွဲ့များနှင့် AA အကြား အခြေအနေတင်းမာမှုမရှိကြောင်းဖော်ပြထားပြီး ပလက်၀ CDFအပေါ် ထင်ယောင်ထင်မှား နားလည်မှု လွဲမှားအောင် မဟုတ်မမှန် စွပ်စွဲရေးသားနေခြင်းများကို အထူးသတိရှိကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။