Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူတွေ ထိခိုက်မိလို့ ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ ပြေးဆွဲခွင့် ရပ်ဆိုင်း

မတော်တဆ ထိခိုက် ဒဏ်ရာရမှုတွေကြောင့် ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာကို ဆက်ပြီး မပြေးဆွဲတော့ဘဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၊ ယာမာနာရှီ ဒေသက ဖူဂျီကျူ ကုန်းမြင့် အပန်းဖြေ စခန်းမှာ တည်ဆောက်ထားတဲ့ ရိုလာကိုစတာဟာ ကမ္ဘာပေါ်မှာ မြန်နှုန်း အမြင့်ဆုံး မောင်းနှင်နိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီရိုလာကိုစတာဟာ အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီ ၁၁၂ မိုင်နှုန်းထိ ရောက်ရှိနိုင်ပါတယ်။

အခုတော့ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် ရိုလာကိုစတာကို ပိတ်သိမ်းဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်ရတာပါ။ ပြီးခဲ့တဲ့ ၈ လအတွင်း ဒီရိုလာကိုစတာကို လိုက်ပါစီးနင်းသူ ၄ ဦး ဒဏ်ရာတွေ ရခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

၄ ဦးစလုံးက လည်ပင်း၊ ကျောရိုး၊ ရင်ဘတ်စတဲ့ နေရာတွေမှာ အရိုးအက်သွားပြီး အတော်လေး ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ကြပါတယ်။ အပျော်တမ်း အပန်းဖြေရမယ့် နေရာမျိုးမှာ လူတွေ ခဏခဏ ထိခိုက် နာကျင်နေရတယ် ဆိုတာမျိုးက ဘယ်လိုမှ မအပ်စပ်ကြောင်း၊ ဒါကြောင့် ရိုလာကိုစတာကို ဆက်ပြီး အသုံးမပြုတော့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အပန်းဖြေ စခန်းက ကြေညာပါတယ်။

ဖူဂျီတောင်ခြေနားမှာ တည်ရှိတဲ့ ရိုလာကိုစတာကြီးကို ဩဂုတ် ၁၂ ရက်စလို့ ပြေးဆွဲမှု ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ရိုလာကိုစတာကို တည်ဆောက်ပေးခဲ့တဲ့ အိုဆာကာမြို့ အခြေစိုက် ဆန်ဆိုင်း ကုမ္ပဏီကလည်း ထိခိုက် ဒဏ်ရာရမှုတွေအတွက် အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရင်က ရိုလာကိုစတာ အဟောင်းကို ၂၀၁၇ မှာ ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့တာဖြစ်ပြီး ၆၉ မီတာ အကွာအဝေးကို ၁.၅၆ စက္ကန့်အတွင်း ရောက်ရှိနိုင်တဲ့အထိ မြန်မြန်ဆန်ဆန် ပြေးလွှားနိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။