Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အား ဗုံးခွဲတိုက်ခိုက်

မင်းကင်းမြို့ပေါ်တွင် ကျေးတောင်ဦး၊ တင်ဘက်၊ ကံ၊ တောင်ယာတောမ စသည့်ရွာများရှိ ပျူများက လက်နက်များကိုင်ဆောင်ကာ ဟန်ရေးပြခြိမ်းခြောက် နေကြောင်း ဒေသခံများက ပြောသည်။

(မုံရွာမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်အား မင်းကင်းပြည်သူ့ကာကွယ် ရေးတပ်ရင်း(၂)က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။

စက်တင်ဘာ ၁၂ ရက် နံနက် ၅နာရီက မင်းကင်းမြို့ပေါ်၌ စစ်ကောင်စီတပ်များ တပ်စွဲထားသော မြန်မာ့စီးပွားရေးဘဏ်အား ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)မှ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများနှင့် မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဥ်က ​ပြောသည်။

အဆိုပါဖြစ်စဉ်အပြီးတွင် မြို့တွင်း၌ စစ်တပ်ကတင်းကျပ်စွာ စစ်ဆေးခဲ့ပြီးသက်လတ်ပိုင်းအရွယ် ရှိ အမျိုးသားတစ်ဦးအား ဖမ်းဆီးသွားကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ခြေရှုပ်နေပါက သတိထားသွားလာနေထိုင်ကြရန် မင်းကင်းနွေဦးတော်လှန်ရေးက သတိပေးသည်။

မင်းကင်းမြို့ပေါ်တွင် ကျေးတောင်ဦး၊ တင်ဘက်၊ ကံ၊ တောင်ယာတောမ စသည့်ရွာများရှိ ပျူများက လက်နက်များကိုင်ဆောင်ကာ ဟန်ရေးပြခြိမ်းခြောက် နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင်လည်း စစ်ကောင်စီတပ်က ခြေရှုပ်နေပြီး TDPDF အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်ငွေအားဖမ်းဆီးရရှိရန် တောင်တွင်းပျူများအား စည်းရုံးနေကြောင်း၊ ဦးကျော်ငွေအားဖမ်းမိပါက ပျူများအား ယခုထက်ပိုပြီး လက်နက်တပ်ဆင်ပေးမည်ဟု စည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ပျူစောထီးတွေနဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ပျူစောထီးတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (Student's Revolutionary Force - SRF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပအဖတာဝန်ခံဟောင်း CDM ဆေးရုံအုပ်ကြီးဒေါက်တာခင်သူသူလွင် ဖမ်းဆီးမှုဖြစ်စဉ်မှာ ကာယိအိန္ဒြေပျက်အောင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အကျည်းတန်တယ်လို့ ယူဆကြောင်းနဲ့ CDMတွေကို လေးစားတန်ဖိုးထားဆက်ဆံစေလိုတယ်လို့ CDM Medical Network က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိ ဂျပန်ယန်း ၁၅ ဘီလီယံထောက်ပံ့မယ့်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆိုင်းငံ့လိုက်တယ်လို့ စစ်​ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်(MEB) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။